အပိုင်း ၂

822 64 2
                                    


"ကျုပ်တို့..တရားစွဲရင်..ခင်များ တို့လင်မယားပဲ..ကလေးသူငယ်ညှင်းပန်းနှိပ်စပ်မှု့နဲ့ ထောင်နန်းစံရလိမ့်မယ်..အဲ့ဒိတော့..အသာတကြည် ဒီအုပ်ထိန်းခွင့်လွှဲပြောင်းကြောင်း စာချုပ်နဲ့..မွေးစားခွင့်ပြုကြောင်းစာချုပ်ကိုလက်မှတ်ထိုးပေးပါ

"ဘာ..ကျွန်မတို့က ကိုယ့်တူကိုယ်ရိုက်တာလေ..ဘာကိစ္စ ထောင်ထဲ ရောက်ရမှာလဲ..စောက်အဓိပ္ပယ်မရှိတာ...

မိသားစု ရှေ့နေ ဦးဒီပ စကားဆုံးတာ နဲ့..အဒေါ်ဆိုသူ မိကူးက ထအော်တော့သည်မို့..သူလဲယူလာတဲ့ ငွေထုပ်ကို စားပွဲ ပေါ်ပစ်တင်လိုက်ရင်း....

"ဒီမှာ သိန်း၅၀....ခင်များတို့ လက်မှတ်ထိုးပေးရင် ဒါအကုန်ခင်များတို့အပိုင်ပဲ..."

ဦးသော်က စကားအဆုံးလင်မယား၂ယောက်လုံးမျက်လုံးတွေတောက်ပ လာလိုက်တာများ
..မစင်တွေ့တဲ့ယင်ကောင်တွေအလား သရေတမျမျနှင့်သာ။

သေချာတယ်...ဒီလင်မယားလက်ထဲဒီငွေက ၁ပက် ခံရင် ကံကောင်းပဲ။

ရှည်ရှည်ဝေးဝေး ပြောရတာ စိတ်မရှည်လွန်းလို့သာ..ဖြစ်နိုင်ရင် ဒီလူစိတ်မရှိတဲ့လူတွေ လက်ထဲ တပြားတောင် ပေးချင်တာမဟုတ်။
ခဲအိုသေတာတောင်..တချက်မှ ဝမ်းနည်းဟန်တောင်မပြ။တကယ့်လူ့ပေါက်ပန်းတွေ..။

"အဟမ်း..ဒါဆိုလဲ ကျုပ်တူလေးကောင်းစားဖို့အရေး..မခွဲနိုင်ပေမဲ့လဲ..လက်လွှတ်ပေးရတော့မှာပဲလေ..ဒါပေမဲ့နော်..ကျုပ်တို့က သူ့ကိုနှိပ်စက်တာမဟုတ်ဖူး..သူလိမ္မာဖို့ အဒေါ်တွေ ဦးလေးတွေမို့ ဆုံးမရတာပါ..ရှင်တို့ တခြားလူတွေ ပေါက်ပန်းဈေးပြောတာတွေ မယုံပါနဲ့"

လျှာရိုးမရှိတိုင်းလျှောက်ပြောပြီး လက်မှတ်ထိုးနေတဲ့ မိန်းမကြောင့် ဦးသော်က တဖက်လှည့်ပြီးမဲ့ ပြုံးပြုံးလိုက်မိတယ်။

ရွံလိုက်တာ...။

လိုချင်တဲ့ လက်မှတ်တွေ ဆုံတာနဲ့..ဘာစကားတခွန်းမှ ပင် ဆက်မပြောတော့ပဲ တချိုးထဲ လှည့်ထွက် လာလိုက်ကြတော့သည်။ ကလေးကျောင်းဆင်းချိန်လဲ ရောက်ပြီ မို့ သွားကြိုပြီး အိမ် တန်းပြန်ကြတော့ရုံသာ...။

အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါWhere stories live. Discover now