အပိုင်း(၁)

1.3K 33 1
                                    


အပိုင်း ၁

နွေဦးရာသီ ကျောင်းပိတ်ရက်မို့ စိတ်ရော လူပါ လန်းဆန်းပြီး လွတ်လပ်မှုအရသာကို ခံစားမိပါ၏။9 တန်းစာမေးပွဲကလည်း ပြီးသွားပြီဆိုတော့ ရင်ထဲကအပူလုံးကြီးတော့ လှိမ့်ဆင်းကျသွားခဲ့လေပြီ။ဒါပေမယ့်တက္ကသိုလ်ဝင်တန်းကို တက်ရောက်ရတော့မှာ မဟုတ်လား။အို...နောင်ခါလာ နောင်စျေးပေါ့။ယခုတော့ တစ်ဝကြီးပျော်ပစ်အုန်းမည်။

"ထက်ဝေ နင်ဒီနေ့အားတယ်မလား။တို့တွေ မွေးနေ့ပွဲသွားကြရအောင်နော်"

"ဟင် ဘယ်သူ့မွေးနေ့ပွဲလဲ ဟေမာန်"

"နင်သိမှာပါ။ငါတို့ကျောင်းက စီနီယာအစ်ကိုကြီးလေ အခုတော့ uniတောင်တက်နေပြီလေ။အစ်ကိုယံရှင်း သိတယ်မလား။သူ့မွေးနေ့ကို ငါတို့နှစ်ယောက်လုံးကို ဖိတ်ထားတာ။ငါ့ကိုဖိတ်ရင်းနဲ့ နင့်ကိုပါတစ်ခါတည်းခေါ်လာခဲ့တဲ့လေ"

"ဖြစ်ပါ့မလား အဲ့အစ်ကိုက ငါနဲ့မေးထူးခေါ်ပြောလောက်ဘဲရှိတာ။သိပ်ရင်းနှီးတာမဟုတ်ဘူး။"

"နင်ကလည်း လိုက်မှာသာလိုက်ခဲ့စမ်းပါ။စကားကြောရှည်မနေနဲ့"

"အဲ့တာဆို ငါတို့ကအခုဘယ်သွားရမှာလဲ။သူ့အိမ်ကငါတို့ ရက်ကွက်ထဲမှာဘဲမဟုတ်လား။"

"ငါတို့ရက်ကွက်ထဲက အိမ်က သူ့မိဘတွေအိမ်လေ။သူ့မိဘတွေက သူ့ကိုစာအေးဆေးလုပ်ရအောင် လွတ်လွတ်လပ်လပ်နေရအောင်ဆိုပြီး တိုက်ခန်းတစ်ခန်းဝယ်ပေးထားတာ။ငါတို့သွားရမှာက အဲ့တိုက်ခန်းကို"
.....................................................

"ဟင် ဓာတ်လှေကားက ပျက်နေတယ်တဲ့။သူအခန်းက 7လွှာမှာလေ။ဘယ်တတ်နိုင်မလဲ ရိုးရိုးလှေကားနဲ့ဘဲတက်ကြတာပေါ့။"

ဟေမာန့်စကားကြားတော့ ကျွန်မအတော်ကို
စိတ်ပျက်သွားရပါသည်။လှေကားထစ်တွေအများကြီးကို ကျော်ဖြတ်ရမည်တဲ့။တော်ပါသေးသည်။ဟေမာန်အနားမှာ ရှိနေပေလို့ပေါ့။

"ပြဿနာဘဲ ထက်ဝေရေ...ငါ့နှယ် လယ်ထွန်သွားနွားမေ့ခဲ့ပြီ။မွေးနေ့ကိုလာတာ မွေးနေ့လက်ဆောင်ကျန်ခဲ့တယ်တဲ့ဟယ်။မဖြစ်ပါဘူး သွားပြန်ယူမှရမယ်။အစ်ကို့အတွက် ငါသေချာပြင်ဆင်လာခဲ့တာ။သူငယ်ချင်း နင်အရင်အပေါ်တက်နှင့်လိုက်တော့နော်။"

ချစ်သောနွေဂိမာန်Where stories live. Discover now