အပိုင်း(၉)
"ထက်ဝေ ကိုယ်ဒီနှစ် မဟာတန်းဝင်အောင် ကြိုးစားမယ် သိလား။"
"ဟောတော်...ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ။အရင်တုန်းကတော့ စာအကြောင်းကြားရင်တောင် ခေါင်းကိုက်တယ်ဆို..."
"ထက်ဝေ ကိုယ်အတည်ပြောနေတာ၊ထမဖောက်နဲ့။"
ကိုအာကာသည် တည်ငြိမ်သော မျက်လုံး၊တည်ကြည်သော မျက်နှာဖြင့် ပြတ်သားသော စကားကို ဆိုနေသည်။မျက်လုံးကလေးများ အရောင်တဖျက်ဖျက် လက်ပြီး ပါးချိုင့်ကလေးများ ခွက်နေအောင် အစဥ် ပြုံးနေတတ်သောသူသည် ဒီနေ့မှ ထူးထူးဆန်းဆန်း တည်ငြိမ်နေ၏။ထို့ကြောင့် ကျွန်မ မျက်နှာပိုးကို သတ်လိုက်ရပါသည်။
"ကိုအာကာသာ အတည်ပြောနေတာ ဆိုရင်တော့ ထက်ဝေ သိပ်ဝမ်းသာမိမှာဘဲ။စာကြိုးစားတာ ကောင်းတာပေါ့..."
"မဟုတ်ဘူး ထက်ဝေ...ကိုယ့်မှာ တစ်ခြားရည်ရွယ်ချက်ရှိသေးတယ်။"
"ဘာရယ်...တစ်ခြားရည်ရွယ်ချက် ဟုတ်လား...ဘာများလဲ ကိုအာကာရယ်။"
"ဒါလေးတောင် မသိဘူးလား၊ဟူး....အ,လိုက်တာလည်း လွန်ပါရော..."
"ထက်ဝေကို အပြစ်မတင်နဲ့။ကိုအာကာပြောမှ သိမှာပေါ့..."
"အ,ချင်ယောင်တာလား တကယ်အ,တာလားကွာ။ဒါလေးတောင် မသိဘူး ဟုတ်လား..."
"အော်...တကယ်မသိတာပါဆို..."
"ကဲ...ထက်ဝေ အနားမှာ အကြာကြီးရှိချင်လို့....ပြီးတော့ ကိုယ်မင်းကို လုံးဝ စိတ်မချဘူး။ဟိုနေ့က အဖြစ်အပျက်ကြောင့် ကိုယ့်ရင်တွေ ဘယ်လောက်ဗြောင်းဆန် သွားရလဲဆိုတာကို သိရဲ့လား။ပြန်တွေးမိတိုင်းလေ အဲ့ဒီကောင်ကို သတ်ချင်စိတ်က လျော့မသွားဘူး။
ကိုယ်က အခုနောက်ဆုံးနှစ်ဆိုတော့ နောက်နှစ်ဆို ထက်ဝေနဲ့ ကျောင်းအတူ မတက်ရတော့ဘူးမဟုတ်လား။ဒါပေမယ့် မဟာတန်းသာ ဝင်ရင် ထက်ဝေနဲ့ အတူရှိခွင့် ရသေးတယ်လေ...
အဲ့တာကြောင့်...အဲ့တာကြောင့်...ကဲ သိပြီလား။ဘယ်လို ငတုံးမလေးမှန်း မသိပါဘူးကွာ..."ကျွန်မ အလွန်စိတ်မကောင်း ဖြစ်သွားရပါ၏။ကျွန်မအပေါ်တွင် သံယောဇဥ်ကြီးလွန်းသော ကိုအာကာ့အပေါ်တွင် သနားစိတ်ကလေးဝင်မိပါသည်။သူကျွန်မ အပေါ်၌ မေတ္တာရှိသကဲ့သို့ ကျွန်မသည်လည်း သူ့အပေါ်တွင် မေတ္တာရှိပြီးသား ဖြစ်ပါသည်။သည်အရာကိုတော့ အထူးပြောပြနေစရာပင် လိုမည်မထင်ပါ။သို့သော် သူလိုချင်နေသည့် ချစ်ခြင်းမေတ္တာအမျိုးအစားကိုတော့ ကျွန်မ ပေးနိုင်လိမ့်မည်မထင်ပါ။ကျွန်မ အသည်းနှလုံး၏ အရှင်သခင်သည်ကား ရှိနှင့်ပြီး ဖြစ်ပါ၏။
ESTÁS LEYENDO
ချစ်သောနွေဂိမာန်
De Todoအချစ်ဟူသည် အဘယ်နည်းဟု ရေရေရာရာမသိတတ်ခဲ့သော အချိန်ကတည်းကပင် ကျွန်မအစ်ကို့ကို သိပ်ချစ်ခဲ့ပါသည်။သိပ်ချစ်ခဲ့သည်...သိပ်ချစ်ခဲ့သည်ဟူသော စကားလုံးမှာ ကျွန်မဘာသာအမည်တပ်ခဲ့သောစကားလုံးပင်။ဟုတ်ပါသည်။ထိုအချိန် ဆယ်ကျော်သက်ဘဝတုန်းက အစ်ကိုသည် ကျွန်မ၏အချစ်ဦး ဖြစ်ခဲ...