အပိုင်း (4)
စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုပြီးသည့်နေ့တွင် အစ်ကိုရော ကိုအာကာပါ ကျောင်းရှေ့တွင် ထိုင်စောင့်နေကြရှာသည်။သူတို့မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်...
"ထက်ဝေ ဟေမာန် ဖြေနိုင်တယ်မဟုတ်လား။အားလုံးအိုကေတယ် ဟုတ်"
"ဟုတ် ဖြေနိုင်ပါတယ် ကိုအာကာရဲ့ ဟေမာန်က Bioကို အစ်ကို့ကျေးဇူးကြောင့် ဖြေနိုင်တာ။ အစ်ကိုက သေချာသင်ပြပေးလို့သာပေါ့။
အရင်ကဆို Bio ညံ့ချက်ဘဲ။""ထက်ဝေ ဒီနေ့ငြိမ်လှချည်လား ကိုယ်မေးနေတာ ဖြေအုန်းလေ"
"အင်း ဒီလိုပါဘဲ"
"လာပြန်ပြီ ဒီလိုပါဘဲ။အေးတိအေးစက်နဲ့ ဘာသတ္တဝါမလေးမှန်းမသိဘူး။"
ကိုအာကာနှင့် ဟေမာန်ကသာ စကားတွင်တွင် ပြောနေသည်။အကိုကဖြင့် လှုပ်တောင်မလှုပ်။ခပ်တည်တည်တံ့တံ့ မျက်နှာထားဖြင့်သာ ကျွန်မတို့ကို စိုက်ကြည့်နေသည်။ထို့နောက် အစ်ကို့ရင်ဘတ်ထဲက အင်္ကျီအိတ်ကပ်ထဲတွင် ကံ့ကော်ပွင့်တစ်ခိုင်ကို တွေ့ရ၏။သြော်...နွေဦးကံ့ကော်များပင် ပွင့်ချေပြီသကော။အစ်ကိုရဲ့ ကံ့ကော်ဦးကို ဘယ်သူ့ကို ပေးမလို့ပါလိမ့်။
"ထက်ဝေ မျက်စိမှိတ်ထား"
"ဟင် ဘာလို့မှိတ်ရမှာလဲ။"
"မှိတ်မှာသာ မှိတ်စမ်းပါ။ကိုယ်က မှိတ်ဆို မှိတ်လိုက်"
"အို ကလေးကလားနဲ့...ဟုတ်ပြီ မှိတ်လိုက်ပြီ။"
"ဟတ်ချလောင်း ရပြီ ကြည့်တော့"
"အို လှလိုက်တာ...တစ်သက်နဲ့တစ်ကိုယ် ဒီလောက်လှတဲ့ သစ်ခွပန်းမျိုး မမြင်ဖူးဘူး။ပွင့်ဖက်တွေကလည်း ကြွကြွရွရွနဲ့ တင့်တယ်တဲ့အလှမျိုး။အရောင်လေးကလည်း မျက်စိကိုအေးချမ်းစေတာဘဲ။ကျေးဇူးပါ ကိုအာကာရယ် ဒါ ထက်ဝေအတွက်လား။"
"ဟုတ်ပါ့ဗျာ ဟုတ်ပါ့ ထက်ဝေအတွက်ဘဲလေ။ဒီသစ်ခွမျိုးက တယုတယ ပိုးမွေးသလို စိုက်ပျိုးရတာ။ရှင်သန်ဖို့ကို မနည်းပျိုးထောင်ရတာလေ။ဒီအပွင့်က ပထမဆုံးပွင့်တဲ့အပွင့်ဘဲ။ထက်ဝေကို ပေးချင်လွန်းလို့ ခူးလာတာ။သြော် ဒီမှာ ဟေမာန့်အတွက်က တစ်ပွင့်။ဒီအပွင့်က တစ်ခြားအပင်က ခူးလာတာ။ဒါလည်း အတော်လှသားဘဲ။"
CZYTASZ
ချစ်သောနွေဂိမာန်
Losoweအချစ်ဟူသည် အဘယ်နည်းဟု ရေရေရာရာမသိတတ်ခဲ့သော အချိန်ကတည်းကပင် ကျွန်မအစ်ကို့ကို သိပ်ချစ်ခဲ့ပါသည်။သိပ်ချစ်ခဲ့သည်...သိပ်ချစ်ခဲ့သည်ဟူသော စကားလုံးမှာ ကျွန်မဘာသာအမည်တပ်ခဲ့သောစကားလုံးပင်။ဟုတ်ပါသည်။ထိုအချိန် ဆယ်ကျော်သက်ဘဝတုန်းက အစ်ကိုသည် ကျွန်မ၏အချစ်ဦး ဖြစ်ခဲ...