အပိုင်း(၁၀)

235 14 0
                                    

အပိုင်း(၁၀)

အတာကူးသည့် တန်ခူးလအခါသမယသို့ပင် ပြန်လည်ရောက်ရှိခဲ့ပါပြီ သကော။ပိတောက်ပန်းတို့သည်လည်း ပင်လုံးကျွတ် ပွင့်ဖူးဝေဆာနေကြလေပြီ။လူအများစုက ပန်းပိတောက်တို့ပင် သစ္စာမရှိကြကုန်ပြီဟု ယိုးစွပ်ကြသော်လည်း ကျွန်မသည် ပန်းပိတောက်များအပေါ်တွင် အပြစ်မမြင်မိပါ။မည်သို့ပင် ဖြစ်စေကာမူ သူကလေးတို့သည် ဖူးပွင့်သည့် အချိန်များတွင်တော့ တာဝန်ကျေပွန်စွာ အစွမ်းကုန် မွှေးကြူသင်းပျံ့နေအောင် ပင်လုံးကျွတ် ဖူးပွင့်ကြလေသည်။

သြော်...ပိတောက်ပန်းများပင် ပွင့်ချေပါပြီသကော...မကြာမီ သင်္ကြန်အခါပင် ကျရောက်ပေတော့မည်။ပိတောက်နှင့် သင်္ကြန်၊ သင်္ကြန်နှင့် ပိတောက်....
တစ်ချိန်က သင်္ကြန်အခါသမတွင်ပိတောက်ပန်းကို တယုတယ ဆင်မြန်းပေးခဲ့ဖူးသော ချစ်ဦးသူကိုပင် အမှတ်မထင် သတိရမိလိုက်သည်။ထိုအတွေးကြောင့် ရုတ်တရက်ပြုံးမိသွားပါ၏။ချစ်ဦးသူ...ချစ်ဦးသူ...သြော် ရက်စက်လေသူ ချစ်ဦးသူရယ်....။

"ထက်ဝေ ငေးလှချည်လားကွ၊ ကိုယ်ကြည့်နေတာကြာပြီ၊ စကားလည်းမပြောဘူး၊ ဘာဖြစ်နေတာလဲ၊ နေမကောင်းလို့လားဟင်"

ကျွန်မရှေ့တွင် ရပ်နေသော ခန့်ညားရည်မွန်သည့် အမျိုးသားလေးသည် စိုးရိမ်တကြီးဖြင့် ကျွန်မနဖူးကို အသာလေး လာစမ်းသပ်နေ၏။ထို့ကြောင့် ဆွေးနေသည့်စိတ်များပင် ပြန်လည်လန်းဆန်းလာကာ ရင်ထဲတွင် သိမ့်ခနဲ နွေးထွေးသွားရပါ၏။

"ကိုယ်လည်းမပူပါဘူး...ဘယ်နေရာက နေထိုင်မကောင်းဖြစ်နေလဲ၊ ကိုယ့်ကိုပြောစမ်းပါအုန်း။"

"ပိုလိုက်တာ ကိုအာကာရယ်...ထက်ဝေ ဘာမှမဖြစ်ပါဘူး၊ နေကောင်းပါတယ်၊ ဒီမှာ ကြည့်ပါအုန်း အလတ်ကြီးပါတဲ့ရှင်..."

"ဒါဆို ဘာလို့ ငိုင်နေတာလဲ။"

"ဒီတိုင်း ပိတောက်ပန်းတွေကိုကြည့်ပြီး အရင်တုန်းက အချိန်တွေကို သတိရသွားလို့ပါ။"

"သြော်...ယံရှင်းကို ခုထိသတိရနေတုန်းဘဲလား။"

"အစ်ကိုတစ်ယောက်တည်း မဟုတ်ပါဘူး။ဟေမာန့်ကိုလည်း သတိရတာဘဲ..."

ချစ်သောနွေဂိမာန်حيث تعيش القصص. اكتشف الآن