အပိုင်း 5
မနက်ဖြန် အောင်စာရင်းထွက်မည့် နေ့မို့လို့ ကျွန်မ ဒီညကတည်းက အိပ်မပျော်နိုင်ပါ။စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ခဲ့သော်လည်း စိတ်လှုပ်ရှားမိသည်တော့ အမှန်ပါ။ကျွန်မမှမဟုတ်...မြန်မာတစ်နိုင်ငံလုံးမှ တက္ကဝင်တန်းကို ဖြေဆိုထားကြသော ကျောင်းသားကျောင်းသူများအားလုံး ရင်ခုန်စိတ်လှုပ်ရှားကြမည်မှာ မလွဲဧကန်ပင်။
"သမီးရေ အိပ်တော့လေကွယ်...မနက်အစောကြီး အောင်စာရင်းသွားကြည့်ရမယ် မဟုတ်လား။"
"ဟုတ်ဖေဖေ...သမီးအိပ်မပျော်နိုင်ဖြစ်နေလို့ပါ။"
"ဘာလဲ ရလဒ်ကို ရင်ခုန်နေတာလား။ငါ့သမီးက တော်ပြီးသားပါကွယ်။ဘာမှ စိုးရိမ်မနေနဲ့...အိပ်တော့"
ဖေဖေသည် ကျွန်မကိုသာ နှစ်သိမ့်
ပေးနေသော်လည်း သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ပေါ်လွင်နေသည်။ဖေဖေမှ မဟုတ်ပါ။ကျွန်မတို့ တစ်အိမ်သားလုံး ဒီတစ်ညတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။တစ်ဦးတည်းသော သမီးဖြစ်သည့် ကျွန်မကို အတော်လေးမျှော်လင့်ထားကြပုံ ပေါ်ပါ၏။သည်လိုဆိုပြန်တော့လည်း ကျွန်မမှာ မိဘများကိုသနားမိပါသည်။ကျွန်မသာ 10တန်းစာမေးပွဲကို ထူးထူးချွန်ချွန် မအောင်မြင်ခဲ့ပါလျှင်.....ဟော..မနက် (6)နာရီပင် ထိုးပါပြီရော။ညက အတွေးလွန်ပြီး အိပ်မောကျသွားလိုက်တာ အောင်စာရင်းသွားကြည့်ရမည့် အချိန်သို့ပင် ရောက်ရှိလာပေပြီ။ကျွန်မအိပ်ယာမှ ချက်ချင်းထလိုက်ပြီး မျက်နှာသစ်ကာ အောင်စာရင်းကြည့်ရန် အမြန်ထွက်လာခဲ့ပါသည်။မကြာပါ။ခြံရှေ့တွင် ကိုအာကာ၏ စက်ဘီးနှင့် တည့်တိုး တိုးလေတော့သည်။
"ကိုအာကာ ဘာလာလုပ်တာလဲ။ထက်ဝေက အခုဘဲ အောင်စာရင်းသွားကြည့်မလို့..."
"ကိုယ်လည်း ထက်ဝေဆီဘဲ လာခဲ့တာပါ။အောင်စာရင်းက..."
"အောင်စာရင်းက ဘာဖြစ်လဲ ကိုအာကာ"
"အောင်စာရင်းက ထက်ဝေကြည့်စရာမလိုတော့ပါဘူး။ကိုယ် ကြည့်ခဲ့ပြီးပြီ။"
ထိုသို့ပြောနေစဥ် သူ၏ မျက်နှာမှာ များစွာ ပျက်ယွင်းနေလေသည်။ကျွန်မမျက်နှာကိုလည်း တည့်တည့်မကြည့်ပါ။သူ၏ အမူအယာကြောင့် ကျွန်မ၏ရင်မှာ ဗြောင်းဆန်သွားတော့သည်။
YOU ARE READING
ချစ်သောနွေဂိမာန်
Randomအချစ်ဟူသည် အဘယ်နည်းဟု ရေရေရာရာမသိတတ်ခဲ့သော အချိန်ကတည်းကပင် ကျွန်မအစ်ကို့ကို သိပ်ချစ်ခဲ့ပါသည်။သိပ်ချစ်ခဲ့သည်...သိပ်ချစ်ခဲ့သည်ဟူသော စကားလုံးမှာ ကျွန်မဘာသာအမည်တပ်ခဲ့သောစကားလုံးပင်။ဟုတ်ပါသည်။ထိုအချိန် ဆယ်ကျော်သက်ဘဝတုန်းက အစ်ကိုသည် ကျွန်မ၏အချစ်ဦး ဖြစ်ခဲ...