part-part1

13.6K 127 2
                                    

"မမလေး..ပြန်လာတော့မလို့တဲ့"

ဖုန်းခွက်ကိုလက်က ကိုင်ရင်းပြောလိုက်သည်။
ဒေါ်တင်ဥအသံ​ကြောင့်အိမ်တော်ရှိဝန်ထမ်းအားလုံးအားရဝမ်းသာပြေးထွက်လာကြသည်။
ပြီးတော့ ဒေါ်တင်ဥအနားပြေးလာကြကာဝိုင်းမေးကြသည်။
"ဘယ်နေ့လည်းကြီးတင်ဥ"

"ဘယ်အချိန်ပြန်လာမှာလဲ"

"ဘယ်လေယာဥ်နဲ့လဲ"

"ကဲပါတော်ကြပါတော့..ငါဖြေပါရစေဦး မေးခွန်းတွေကဇွတ်မေးနေကြတာပဲ"

တစ်ယောက်တစ်ပေါက်မေးခွန်းများမေးနေကြ၍ဒေါ်တင်ဥအော်လိုက်သည်။အသံတွေတိတ်သွားတော့မှခါးထောက်ရင်း..
"ရှေ့အပါတ် တနင်္လါနေ့တဲ့"

"ဟေး"
ဝိုင်းပြီးထအော်လိုက်တာမို့ဒေါ်တင်ဥလန့်သွားသည်။
"အမလေးနော်တိုးတိုးအော်ကြပါ..အိမ်တော်မှာဘာဖြစ်နေလဲဆိုတာမသိကြဘူးလား သွားကိုယ့်အလုပ်ကိုသွားလုပ် "

ဒေါ်တင်ဥပိတ်ငေါက်လိုက်တော့အလျိုလျိုထွက်သွားကြသည်။
မသွားသေးတာကယင်းမာ..
ဒေါ်တင်ဥအနားကိုယင်းမာကပ်လိုက်ပြီးပုခုံးပေါ်မေးတင်၍မေးလိုက်သည်။
"အမေ့ မမလေးကကျောင်းမပြီးသေးဘဲဘာလို့ပြန်လာတာလဲဟင်"

"ဒီကောင်မလေးကတော့လေ..ဘာမှမသိဘူး"

"ဒေါက်"

"အ့..အမေကလည်းမသိလို့ဟာကို"

ယင်းမာခေါင်းပွတ်ရင်းပြောလိုက်သည်။

"အေးငါပြောမယ် မမလေးပြန်လာမှာပေါ့သူဌေးကမမလေးနဲ့ရွယ်တူလောက်ရှိမယ့်ကောင်မလေးနဲ့မင်္ဂလာဆောင်တော့မှာလေ"

"အဲ့ဒါဘာဆိုဂ်လို့လဲအမေရဲ့..ယင်းမာလည်းဒီအ​ကြောင်းသိနေတာပဲဟာကို.."

"ကဲ..ဒီကောင်မလေးအရိပ်ပြလို့အကောင်မထင်"

ဒေါ်တင်ဥ ယင်းမာခေါင်းကိုထပ်ခေါက်ဖို့ပြင်လိုက်စဥ် ယင်းမာကလက်ကိုကာ၍ပြုံးစိစိနှင့်.
ဒေါ်တင်ဥ..ယင်းမာကိုမျက်စောင်းထိုးရင်း
"ဘယ်သမီးက ဖအေနောက်အိမ်ထောင်ပြုမှာလက်ခံပါ့မလဲ"
"အင်းဒါလည်းဟုတာပဲနော်..အမေ့"

"ကဲ..ဟုတ်မနေနဲ့သွားတော့ ကိုယ့်အလုပ်ကိုသွားလုပ်တော့"

ဒေါ်တင်ဥ ပိတ်ငေါက်လိုက်တော့မှယင်းမာ လျှာတစ်လစ်ထုတ်၍ထွက်သွားသည်။
.................
ဦးဘုန်းသက်စံခေါ်ထား၍ဝန်ထမ်းအားလုံးဧည်းခန်းထဲတွင်ရှိနေသည်။
ဝန်ထမ်းအားလုံး၏အကြည့်ကဦးဘုန်းသက်စံဆီမှာမဟုတ်..။
ဦးဘုန်းသက်စံဘေးတွင်ရှိသောဆိုဖာပေါ်တွင်ရို့ရို့လေးထိုင်နေသော ကောင်မလေးဆီမှာ..။
"အဟမ်း"

နှလုံးသားကမင်းဆီသို့ Where stories live. Discover now