part-part9

3.1K 51 0
                                    

မိုးတွေကဆက်တိုက်ရွာသွန်းနေခဲ့တာအဆက်မပြတ်...
ဖေဖေ့ဆီဆက်သွယ်ဖို့ဖုန်းလိုင်းမိသောရွာကျောင်းဆီကိုဦးလေးမြိုင်နဲ့ ယင်းမာ သွားတာမနက်ကထဲကခုထိပြန်မလာသေး..
​သူတို့ပြန်အလာကိုစောင့်နေရင်းပြတင်းပေါက်ကရေကိုလက်ဖြင့်ခံရင်းဆော့နေလိုက်မိသည်။

"နေကောင်းသေးတာမဟုတ်ဘူးဘာလို့ရေဆော့နေတာလဲ"

အသံနှင့်အတူတူ သူ့လက်နွေးနွေး
ကစံနဖူးပေါ် ရောက်သွားသည်။
ပြီးတော့ခွာလိုက်ပြီး
"အဖျားကရှိနေသေးတယ်..ရေဆက်မဆော့နဲ့တော့ပြန်ဖျားလိမ့်မယ်"

ဆရာကြီးပုံစံနဲ့စံ့ကိုလာပြောသောသူ့ကိုစံမျက်စောင်းထိုးရင်း

"ရှင့်အရေးမဟုတ်ပါဘူး..စံဘာသာနေမကောင်းဖြစ်လို့မကဘာဖြစ်ဖြစ်..လူကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့အမိန့်ပေးစရာမလိုဘူး"

စံစကားကိုအရေးလုပ်ဟန်မပြဘဲလက်ကနာရီကိုမြောက်ကြည့်လိုက်ပြီး
"ဆေးသောက်ချိန်နီးလာရင်ဆေးလာပေးလိုက်မယ်..ရေဆက်မကစားနဲ့တော့"

သူ့အပြောကိုဂရုမစိုက်စွာ စံဆက်ဆော့နေခဲ့သည်။စောဏကလက်အဖျားထဲရေစိုရန်သာဆော့နေခဲ့သော်လည်းခုလက်ရှိတွင်လက်မောင်းအရင်းထိရေစိုအောင်တမင်တကာကိုဆော့နေလိုက်သည်။

စံရေဆော့နေသည့်ပုံကိုသူခါးထောက်ပြီးကြည့်နေရင်းမှစိတ်မရှည်တော့ဘဲသူမကိုယ်လေးကိုစွေ့ခနဲပွေ့လိုက်သည်။

"အား..ရှင်ဘာလုပ်တာလဲ..လွှတ်"

အတင်းရုန်းပြီးသူကိုကုတ်ဖဲ့သောကြောင့်သူ့ပါး..စပ်ဖျင်းဖျင်းဖြစ်သွားသော်လည်း လွှတ်မပေးဘဲသူမအိပ်ယာပေါ်ချပေးလိုက်သည်။
ပြီးမှသူ့ပါးသူစမ်းကြည့်လိုက်တော့သွေးစအချို့ပါလာသည်။

သူ့ပါးကသွေးတွေကိုကြည့်ရင်းစံအားနာသွားသည်။တဂယ်ဆိုသူမကြောက်အားလန့်အားနဲ့လုပ်လိုက်မိသည်သာ..။
သူ့ကိုနာကျင်စေလိုစိတ်မရှိခဲ့..။

သူကဘာမှမဖြစ်သလိုစံကိုစိတ်ဆိုးရိပ်မပြဘဲ သူမလက်ထဲကိုဆေးထည့်ပေးသည်။
ပြီးတော့ရေယူလာ၍

"ရော.သောက်လိုက်ပါ ဖျားလိမ့်မယ်..ဒီဘက်မှာမြို့ကလိုတစ်ခုခုဖြစ်ရင်သွားပြလို့ရတဲ့ဆေးခန်းမရှိဘူး"

နှလုံးသားကမင်းဆီသို့ Where stories live. Discover now