part2

4.6K 84 0
                                    

Uni
အေမီဆီဖုန်းဆက်ပြီးသစ်ခက်စံဖုန်းချလိုက်သည်။
သစ်ခက်စံဆိုတဲ့ စံက ပိုင်ဆိုင်မူ့တွေကိုလက်လျော့မှာတော့မဟုတ်ဘူး။
ပိုင်ဆိုင်မူ့တွေမရခင်ဏလက်ရှောင်နေတာ။
ပယင်းနွယ်.. ပယင်းနွယ် ။နင်ဘယ်လိုမိန်းမလဲ..။
တော်တော်လည်တဲ့မိန်းမ။
ဖအေလောက်ရှိတဲ့လူကိုယူရဲတယ်။
ငါ့လက်ထဲမှာနင့်လိုမိန်းမဘာမှမဟုတ်ဘူးဆိုတာပြရသေးတာပေါ့။
သစ်ခက်စံ စီးကျလာသည့်မျက်ရည်ကိုလက်ဖဝါးဖြင့်ဖြစ်သလိုသုတ်လိုက်သည်။
အနီရောင်ပြိုင်ကားလေးကတော့မိုဂ်နူန်းမြင့်မြင့်ဖြင့်အဝေးပြေးလမ်းမှာခရီးနှင်လျက်..။

...............

"အင်း..နင်မှားတာစံစံ"

သစ်ခက်စံ..ရဲ့ပြောပြချက်ကိုအေမီစဥ်းစားရင်းပြောလိုက်သည်။
အေမီရဲ့အဖြေကိုသစ်ခက်စံ.အားမလိုအားမရဖြစ်ရင်း..
"နင်ငါ့သူငယ်ချင်းပါနော်..အေမီ..ငါရန်ကုန်ကနေနေပြည်တော်အထိခရီးဝေးကနေလာတာနင်ငါ့ကိုရင်ဝစောင့်ကန်တဲ့စကားပြောတာပဲ"

နူတ်ခမ်းစူပြီးမျက်စောင်းထိုး၍ပြောလာသောသစ်ခက်စံကိုကြည့်၍အေမီပြုံး
လိုက်သည်။

ဖြူဖွေးပြီးပန်းရောင်သန်းနေသည့်မျက်နှာလေးကိုကြည့်ရင်းသစ်ခက်စံဘေးတွင်ဝင်ထိုင်ကာ..
"စံစံ. ငါအကြောင်းစုံသိပြီးသားပါ"

"နင်ဘာတွေသိထားလို့လဲ..အေမီ"

အေမီစကားကို သစ်ခက်စံ နားမလည်ပုံစံဖြင့်မေးလိုက်သည်။သစ်ခက်စံအမေးကို အေမီလက်ပိုက်ပြီးထရပ်ကာသက်ပြင်းချကာ
"ပယင်းနွယ် ဆိုတဲ့ကောင်မလေးကတဂယ်တော့သနားစရာလေးပါဟာ..အဲ့ကောင်မလေးကိုနင့်အဖေက.ဟို..ဟိုဟာ"

"ပြောမှာသာပြောစမ်းပါ..အေမီရယ်"

တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည့်အေမီကိုစိတ်မရှည်ဘဲပြောလိုက်သည်။

"ပယင်းနွယ် ကိုနင့်အဖေကစော်ကားလိုက်တာ..စံစံ"

"ဘာငါ့အဖေကစော်ကားလိုက်တာဟုလား.."

"ဟုတယ်..စံစံ"

စံ..အေမီ့စကားကိုမယုံကြည်စွာခေါင်းအသွင်သွင်ရမ်းရင်း
"ဟင်အင်..ငါမယုံဘူး..ဖေဖေကအဲ့လိုလုပ်မှာမဟုတ်ဘူး"
"နင်မယုံချင်ပေမယ့်ဒါတွေကဖြစ်သွားပြီစံစံ.."

နှလုံးသားကမင်းဆီသို့ Where stories live. Discover now