part16

3.1K 58 0
                                    

တရကြမ်းမောင်းလာသည့်ကားကဆင်ဝင်အောက်ကိုထိုးရပ်လိုက်သည်။ပြီးတော့သူမလက်ကိုအတင်းဆွဲကာခေါ်သွားသည်။

အတင်းဆွဲခေါ်သွားသောကြောင့်သူမလက်တွေနာ၍ရုန်းသော်လည်းမရ...
အခန်းဆီခေါ်သွားပြီးသူမကိုယ်လေးကိုစွေ့ခနဲပွေ့ပြီးခုတင်ပေါ်ပစ်ချလိုက်သည်။

ပစ်ချသည့်အားကြောင့်နေမကောင်းသည့်သူမပို၍ပျော့ခွေသွားသည်။စစ်တုရင်သူမအပေါ်ကနေအုပ်မိုးပြီးသူမလက်နှစ်ဖက်ကိုသူ့လက်တစ်ဖက်ထဲနဲ့စုပြီးချုပ်လိုက်ကာသူမလည်ပင်းတွေကိုနမ်းလိုက်သည်။
သူလုပ်သမျှကိုဘာတစ်ခွန်းမှမငြင်းဆန်ဘဲတိတ်ဆိတ်နေနိုင်သောသူမကိုကြည့်ကာ ပိုဒေါသထွက်ရသည်။
သူမဘက်ကသူ့အပြုအမူကိုငြင်းဆန်လာအောင်အနမ်းတွေကိုပိုကြမ်းပြီးနမ်းလိုက်သည်။
သူမအောက်နူတ်ခမ်းကိုသူစုပ်နမ်းလိုက်ပြီးသွားနဲ့ဖိကိုက်လိုက်သည်။
နာကျင်လွန်း၍မျက်ဝန်းလေးအနည်းငယ်မှေးသွားကာမျက်ရည်ကျသွားသည်။
သူ့ရဲ့အနမ်းကိုသူမမရုန်းသလို..​ဆက်မသွားဖို့မငြင်းဆန်....။
သူ့အနမ်းတွေကလည်ပင်းကတစ်ဆင့်သူမရင်ဘက်ဆီသို့လျောသွားသည့်နှင့်သူမအင့်ခနဲရိူက်မိသည်။
စစ်တုရင်ခနဲ့ပြုံးပြုံးလိုက်ကာသူမအင်္ကျီကိုဗြန်းခနဲဆွဲဖြဲလိုက်သည်။

........................
စောင်ကိုလျော့လျော့လေးခြုံထားသည့်သူမရဲ့မလုံတလုံကိုယ်လေးကိုစစ်တုရင်ပြန်ခြုံပေးလိုက်သည်။အိပ်နေသည့်သူမရဲ့ကောက်ကြောင်းလေးကသူ့ကိုစွဲဆောင်နေသည်။
လည်တိုင်ကျော့ကျော့လေး
၊နူတ်ခမ်းနုနု​လေးနဲ့သူမကိုယ်ပေါ်ကသူအမှတ်ပေးခဲ့သည့်ဒဏ်ရာဒဏ်ချက်တွေကိုကြည့်ကာစစ်တုရင်ပြုံးလိုက်သည်။
သူမပုခုံးဖြူဖြူလေးကိုကပ်ပြီးသူနမ်းလိုက်တော့အပူရဲ့အငွေ့အသက်ကိုခံစားမိလိုက်သည်။
သူမဖျားနေခဲ့သည်ပဲ။
သူဖုန်းကိုယူပြီးနံပါတ်တစ်ခုကိုခေါ်လိုက်သည်။

". ............."

"ကျွန်တော်ပါ..စစ်တုရင်..ကျွန်တော့မိန်းမဖျားနေလို့အဲ့ဒါခဏလောက်လာကြည့်ပေးပါဦး"

သူလိုရာပြောပြီးဖုန်းချလိုက်သည်။ပြီးတော့ဆေးလိပ်ကိုထုတ်ကာမီးညှိလိုက်သည်။ရိူက်လိုက်ပြီးတန်းမူတ်မထုတ်ဘဲသူမမျက်နှာမှာကပ်ပြီးမူတ်ထုတ်လိုက်သည်။
ရုတ်တရက်အသက်ရူချိန်မလို့ဆေးလိပ်အငွေ့ကိုရူမိကာချောင်းဆိုးသွားသည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now