part12

2.6K 49 0
                                    

"မမလေး..မမလေး"

"ဒေါက်ဒေါက်....ဒေါက်ဒေါက် "

"ဝင်ခဲ့ပါယင်းမာ.."

စံ့ခွင့်ပြုချက်ရသည်နှင့်ယင်းမာ တံခါးလှပ်ကာ
ကဒ်ပုံးတစ်ခုကိုယူရင်းဝင်လာသည်။

"အဲ့ဒါဘာတွေလဲယင်းမာ"
အမေးကိုတန်းမဖြေသေးဘဲကတ်ပုံးကိုအရင်အောက်ချလိုက်ပြီး

"အမလေး.လေးလိုက်တာ"

"မမလေးနာမည်နဲ့လာတာ ကဒ်တစ်ခုလည်းပါတယ်ရော့ဖတ်ကြည့်"

စံ ယင်းမာလက်ထဲကကဒ်ကိုယူပြီးဖွင့်ကြည့်လိုက်သည်။ကဒ်ထဲမှာစာအချို့အပြင် လက်မှတ်တစ်ခုပါပါလာသည်။
ကြယ်ငါးပွင့်ဟော်တယ်ပါ..သက္ကရာဇ်ကုပ္မဏီရဲ့ဇိမ်ခံသ​ေင်္ဘါလက်မှတ်..။
ပြီးတော့စံကဒ်ထဲကစာကိုဖတ်ကြည့်လိုက်သည်။

I'd climb every moutain and
Swin every Ocean
Just to be with you
တောင်တွေတောင်ကျော်ဖြတ်နိုင်တယ်
သမုဒ္ဒရာကိုတောင်လက်ပစ်ကူးနိုင်တယ်
မင်းသာငါနဲ့အတူရှိနေရင်ပေါ..

စံအကြိုက်ဆုံးသီချင်းလေးထဲကစာသားလေး.....
ကတ်ပုံးကိုဖွင့်ကြည့်လိုက်တော့အထဲမှာပန်းနုရောင်ဇာဖျော့ဖျော့ဂါဝန်လေး..ပန်းရောင်နဲ့
အဖြူရောင်အစပ်ဒေါက်ဖိနပ်လေး...
စံစမ်းစီးကြည့်တော့ကွက်တိပင်...

"လှလိုက်တာမမလေး..ကိုစစ်တုရင်ကမမလေးကိုသိပ်ချစ်တာပဲနော်..ယင်းမာလည်းအဲ့လိုလူမျိုးနဲ့တွေ့ချင်လိုက်တာ"

ဝတ်စုံရဲ့စျေးနူန်းနဲ့ဒေါက်ဖိနပ်ရဲ့တန်ဖိုး..ပြီးတော့သ​ေင်္ဘါမှာဒင်နာကျွေးမယ့်အခတွေပါအလိုလိုတွက်မိပြီးသူဝန်ပိမှာစိုးရိမ်သွားသည်။
သူကချမ်းသာလား..
ဆင်းရဲလား စံသူ့အကြောင်းဘာမှမသိပေမယ့် သူဝန်ပိမယ့်အလုပ်မျိုးလုပ်မှာကိုတော့မလိုလားပေ..။
သစ်ခက်စံမနေ့ကစားသောက်ဆိုင်မှာပြောခဲ့သည့်စကားကြောင့်စစ်တုရင်..မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ပေးတာလို့ထင်မိသွားတဲ့အတွက် စိတ်မကောင်းဖြစ်သွားသည်။

"မမလေး..ပြင်တော့လေညနေ6နာရီသွားရမှာဆိုတော့ပြင်မှာဆင်မှာနဲ့ကြာဦးမယ်သွားသွားရေချိုးတော့"

ယင်းမာ ..သစ်ခက်စံ ခါးလေးကိုရေချိုးခန်းနားထိတွန်းပို့လိုက်သည်။
ပြီးတော့အပြင်ဘက်ကနေ
"မမလေး..ကြာမနေနဲ့နော်ကြားလား.."
ဟုအော်သွားသည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now