part14

2.6K 47 0
                                    

စံထရန်ကြိုးစားလိုက်သော်လည်းခေါင်းတစ်ခုလုံးအုံခဲ ပြီးကိုက် ​နေသည့်အတွက်ပြန်မှေးနေလိုက်သည်။

စံတစ်နေ့လုံးဖျားနေခဲ့ပါသည်...
မနေ့ကမိုးရွာထဲမှာတစ်ညလုံးသူမစောင့်နေခဲ့ပါသည်။
မနေ့ကသူနဲ့တွေ့နေကျနေရာလေးမှာစောင့်နေမယ်လို့massage ပို့ခဲ့ပေမယ့်သူရောက်မလာခဲ့ပါ...
သူမက်ဆေ့ကိုမဖတ်ဖြစ်လို့လို့ပဲ စံဖြေသိမ့်တွေးတွေးလိုက်သည်။
မနေ့ဖုန်းထဲမှာပြောလိုက်သည့်သူ့အေးစက်သည့်သူ့အသံကို စံပြန်ကြားနေမိသည်။
ရုတ်တရက်သူစိမ်းဆန်သွားသည်မလား...
သူအကြွေးတွေရောဆပ်ပြီးရဲ့လား...
ဖေဖေများသူ့နဲ့စံအကြောင်းကိုသိလို့သူ့ကိုတစ်ခုခုသွားပြောလို့များလား.သူအဲ့ဒီ့ပိုက်ဆံတွေကိုမယူတော့တာများလား...

"မမလေး..ဆေးသောက်ရအောင်"

ယင်းမာအသံကြောင့်စံ အတွေးအမျှင်တန်းပြတ်တောက်သွားသည်။

ယင်းမာကစံ့လက်ထဲ ဆေးရောရေခွက်ပါတစ်လှည့်စီထည့်ပေးရင်းသက်ပြင်းမောကြီးနှင့်

"မနေ့အပြင်သွားတာယင်းမာကိုပြောမသွားဘူး.. မိုးရွာကြီးထဲကပြန်လာပြီးခုကျ ဖျားပြီမလား..
ကိုစစ်တုရင်ကလည်းလွန်လွန်းပါတယ် မမလေးကို ပြန်တောင်လိုက်မပို့ဘူး ဒီကြားထဲသူဌေးညကပြန်မလာလို့တော်သေး..မဟုတ်ရင်ယင်းမာကိုဆူမှာ"

"ဖေဖေခရီးသွားတာလားယင်းမာ"

ခရီးသွားရင်ပြောသွားတတ်သည့်ဖေဖေက ဘာမှပြောမသွားတော့ ထူးဆန်း၍မေးလိုက်သည်။
ယင်းမာကခေါင်းရမ်းရင်း

"ယင်းမာမသိဘူး မမလေး ပြောသံကြားတာတော့ ဒီနေ့ကုပ္မဏီအစည်းအဝေးရှိတယ်​ပြောသာပဲ"

ဖေဖေအလုပ်ရူပ်နေတာဖြစ်မယ်..
ဒါပေမယ့် မနေ့ကစံရှယ်ယာထုတ်ရောင်းသည့်ကိစ္စကိုဖေဖေမသိသေးဖေဖေ့ကိုပြောရဦးမည်....

"မမလေး..မမလေး"

အလောတကြီးနဲ့အော်ခေါ်ပြီးပြေးလာသည့်ဒေါ်တင်ဥအသံကြောင့် စံ ထိတ်ခနဲဖြစ်သွားကာ အသံလာရာကြည့်လိုက်သည်။
ဒေါ်တင်ဥ အမောတကောနဲ့စံအခန်းထဲဝင်လာကာ

"ဒေါ်တင်ဥ ဘာဖြစ်လာတာလဲ စံကိုပြောပါဦး.."

"ဟို..ဟို..ရဲတွေရဲတွေ..သူဌေးက ကုပ္မဏီရှယ်ယာရှင်တွေရဲ့ငွေကိုအလွဲသုံးစားလုပ်တယ်တဲ့ အဲ့ဒါသူဌေးကိုလာဖမ်းတာတဲ့"

နှလုံးသားကမင်းဆီသို့ Where stories live. Discover now