part3

4K 74 0
                                    

Uni
မွေ့ယာပေါ်တွင်လှဲနေသော ပယင်းနွယ် ကိုကြည့်၍ဦးဘုန်းသက်စံ သက်ပြင်းချမိသည်။
ဖြူနုပြီးသွေးမရှိတဲ့လူကိုအားနည်းနေတဲ့သူမ..။
ခုထိသတိမရသေး။
ဒေါ်တင်ဥ လက်ထဲကရေဇလုံကိုယူ၍အဝတ်စဖြူလေးကိုရေညှစ်လိုက်ပြီး ပယင်းနွယ် နဖူးပေါ်သို့တင်ပေးလိုက်သည်။
ညကထဲကသူမဖျားနေခဲ့သည်။ပြီးတော့ပါးစပ်ကလည်းကယောင်ကတမ်းတွေပြောဆိုနေခဲ့သည်။
တကယ်တမ်းမှားခဲ့တာသူဖြစ်သည်။ခုတော့သူမကသူ့အစားဒုက္ခ ခံနေရသည်.အတွက် ဦးဘုန်းသက်စံ စိတ်မကောင်းပေ။
ပယင်းနွယ် လက်ကလေးကိုဆုပ်ကိုင်ရင်း
"ဦးတောင်းပန်ပါတယ်..ပယင်း.ဦးကိုခွင့်လွှတ်ပါ"

သူမလက်ကလေးကိုနမ်းရိူက်လိုက်သည်။

"ဖေဖေ"

နောက်ကျောဘက်ကခေါ်သံကြောင့်ဦးဘုန်းသက်စံလှည့်ကြည့်လိုက်သည်။
"ဖေဖေစံနဲ့စကားပြောရအောင်"
..............

"ဦးဘုန်းသက်စံ နှင့် သစ်ခက်စံ ဧည့်ခန်းထဲမှာထိုင်ဖြစ်ကြသည်။
"ဖေဖေကိုစံမေးစရာရှိတယ်"

"ဘာမေးစရာရှိလို့လဲ..သမီးဒီအိမ်ပြန်လာတာနဲ့တင်ဖေဖေဝမ်းသာလှပါပြီ"

"ပယင်းနွယ် ဆီမှာကိုယ်ဝန်ရှိနေပြီဆို"

သစ်ခက်စံ အမေးကိုတမ်းမဖြေသေးဘဲ ဦးဘုန်းသက်စံ သက်ပြင်းချမိသည်။
"ဖေဖေစံ့အမေးကိုဖြေပါဦး"

"ဟုတ်တယ်စံစံ..ပယင်းနွယ် မှာကိုယ်ဝန်ရှိနေပြီ"

"ဖေဖေနဲ့ရတဲ့ကိုယ်ဝန်မဖြစ်နိုင်ဘူးဆိုတာဖေဖေသိတယ်မလား"

သစ်ခက်စံ အပြောကိုဦးဘုန်းသက်စံတည်ငြိမ်စွာဖြင့်
"ဖေဖေနဲ့ရတဲ့ကိုယ်ဝန်ပါ..စံစံ ထပ်ပြီးဒီအကြောင်းတွေမပြောတော့ရင်ကောင်းမယ်"

"ဟင့်အင်စံမယုံဘူး..ဖေဖေမှကလေးမရနိုင်တေ.့တာ စံနဲ့​ေဖေဖေအပါအဝင်ဒီအိမ်ကမိသားစုတွေအသိလေ"

"ဖေဖေဘက်ကတော့သမီးကိုဒီလောက်ပဲရှင်းပြနိုင်မယ် ပယင်းဒီမှာနေတုန်းအနှောက်အယှက်တွေမလုပ်ပါနဲ့လို့ပဲဖေဖေမေတ္တာရပ်ခံပါတယ်"

ထရပ်ပြီးထွက်သွားသည့်ဦးဘုန်းသက်စံလက်ကိုသစ်ခက်စံဆွဲထားလိုက်သည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now