part 13

2.8K 56 0
                                    

"စံ ကိုဘယ်လိုမှတော့မအောင်မေ့ပါနဲ့ စံ ကိုစစ်တုရင်ရဲ့လက်ထပ်ခွင့်ဆိုတာကို လက်ခံဖို့ကျတော့အချိန်လိုနေသေးလို့ပါနော် စံ့ကိုအချိန်ပေးပါဦး"

စစ်တုရင် လက်စွပ်ဘူးကိုပြန်သိမ်းရင် ခေါင်းငြိမ့်လိုက်ကာ ခေါင်းကြီးငိုက်စိုက်ချရင်း...

"ရပါတယ် စံ အချိန်ယူဖို့ အများကြီးလိုနေမှန်းကိုယ်နားလည်ပါတယ်.. ဆောရီးကိုယ်လောသွားတယ်"

စံသူ့ပုံကိုကြည့်ပြီးသနားသွားသည်။သူစံအတွက်ပြင်ဆင်ထားတာတွေအလကားဖြစ်သွားသည့်အတွက်ရော..

"ကိုစစ်တုရင်ကိူငြင်းတာမဟုတ်ပါဘူး.. စံအချိန်လေးပဲယူတာပါ ပြီးတော့ စံကိုစစ်တုရင်ကိုသဘောကျပါတယ် ဒါပေမယ့်လက်ထပ်ဖို့ဆိုတာကျတော့လေ"

"ဟေ့ အဲ့ကောင်လား...ဖမ်းရိုက်သတ်ပလိုက်မယ် လူလိမ်ကောင်"

စံစကားလုံးတွေရပ်တန့်သွားသည်။ လူမိုက်ပုံစံတွေနဲ့လူတစ်စု.သူတို့ဆီကိုလာနေသည်။
စစ်တုရင် သူမကိုသူ့နောက်ပို့လိုက်ပြီးထိုလူအုပ်စုကိုရင်ဆိုင်လိုက်သည်။
စစ်တုရင် ရဲ့အပြုအမူကို စံကြောင်အမ်းအမ်းဖြစ်သွားပြီး သူမကိုယ်လုံးလေးကအလိုအလျောက် သူ့နောက်ကျောပြင်ကျယ်ကြီးနောက်ရောက်သွားသည်။

"ငါ့တို့ဆီကနေ မင်းငွေတွေလိမ်သွားပြီဒီမှာကောင်မလေးနဲ့သာယာနေတယ်ပေါ့ဟုတ်လား
ဟေကောင်မင်းကောင်မလေးကအလှလေးပဲ"
သူမကိုယ်လုံးသေးသေးလေးကိုနောက်ကျောနောက်မြုပ်သွားအောင် ထပ်ပြီးတွန်းပို့လိုက်သည်။စံ ထိုလူမိုက်တွေကိုကြောက်၍
သူ့ခါးရဲ့အင်္ကျီစလေးကိုတင်းနေအောင်ဆုပ်ကိုင်ထားသည်။

"ခင်ဗျားတို့ပိုက်ဆံကိုကျွန်တော်ပြန်ပေးမယ် သူ့ကိုတော့ဘာမှမလုပ်ပါနဲ့ ခင်ဗျားတို့ကျွန်တော့်ကိုကြိုက်သလိုလုပ်သွားနိုင်တယ် သူ့ကိုတော့ဆံနွယ်တမျှင်မှထိမယ်မကြံနဲ့"

"မင်းငါတို့ငွေတွေကိုဘယ်အချိန်ဆပ်မှာလဲ.. ခုတော့မရရတာယူသွားရမှာပဲ. အဲ့ကောင်မလေးကိုခေါ်ခဲ့ကြ"

"ခွပ်"

"အ.."

သူမလက်ကိုအတင်းဆွဲရန်လာရန်ပြင်သည့်လူကြီးတစ်ယောက်ကိုစစ်တုရင်ထိုးလိုက်သည်။

နှလုံးသားကမင်းဆီသို့ Where stories live. Discover now