♪ ᴘᴀʀᴛ - ᴏɴᴇ ♪

301 9 2
                                    

Ⓩ︎Ⓐ︎Ⓦ︎Ⓖ︎Ⓨ︎Ⓘ︎
~~~~~~~~~~~~

"သား...​သော်​လွန်း​နေ"

"ဗျာ...ဒယ်​ဒီ"

ဆယ့်​သုံးနှစ်​အရွယ်​​ကောင်​က​လေးသည်​ အိပ်​ချင်​မူးတူးဖြင့်​ မျက်​လုံးက​လေးများအားပွတ်​ကာ သမ်း​ဝေသည်​ ။ ​ကောင်​က​လေး၏ ညိုလဲ့လဲ့မျက်​ဝန်း​တွေကအိပ်​​ငွေ့ပြယ်​သည်​နှင့်​ အ​ဖေဖြစ်​သူသည်​ စကားစသည်​ ။

"သား...ဘွားဘွားအိမ်​​ရောက်​​တော့မယ်​​နော်​"

သားဖြစ်​သူကိုစကားလှမ်း​ပြောရင်း ကားကို 
တောင်​​စောင်းအ​ကွေ့အားချိုး​ကွေ့လိုက်​​တော့ ဖုန်​မှုန့်​​တွေထလာ၏ ။ ​မြေနီနီ​တွေအား ​သော်​ လွန်း​နေ လှမ်းကြည့်​ရင်း ၊

"ဒယ်​ဒီ...ပထဝီမှာသင်​ရ​တဲ့​မြေအမျိုးအစားမှာ
မြေနီဆိုတာ ဒါ​တွေ​ပေါ့​နော်​"

"အင်း​လေ...သားရဲ့"

ကားမှန်​ကိုချလိုက်​​တော့ ​လေ​အေး​တွေက ကားအတွင်းသို့အလုအယက်​တိုးဝင်​လာကြ
သည်​ ။ ​သော်​လွန်းပခုံး​လေးကျုံ့ကာအ​နွေး ထည်​ကို​စေ့ဝတ်​လိုက်​ကာအပြင်​သို့လှမ်း
ကြည့်​လိုက်​​တော့ မြင်​ကွင်း၌ထင်​ရှားစွာ​ပေါ်​နေ​​သော ​တောင်​တန်းကြီးများကိုမြင်​လိုက်​ရ
သည်​ ။ စိမ်းညို့​နေ​သော​တောင်​​တန်းကြီး
တွေက ​သော်​လွန်း၏စိတ်​ကိုညှို့ငင်​ထား
သည်​ ။ အဘွားဖြစ်​သူရှိရာရှမ်းပြည်​သို့သူလာတာ ဤအကြိမ်​သည်​ပထမဦးဆုံးဖြစ်​၏ ။ ထို့ ​ကြောင့်​ခုမှမြင်​ဖူး​သော​တောင်​​တွေကသူ့အာရုံ အား ညှို့ငင်​လှ​ပေသည်​ ။

"လှလိုက်​တာ​နော်​ ဒယ်​ဒီ"

ဒယ်​ဒီက ကား​မောင်း​နေရင်​​ခေါင်းညိတ်​ပြ
သည်​ ။ ​တောင်​တန်း​တွေကိုကြည့်​ရင်းလွမ်းသလိုလိုခံစားလာရကာ ညိုလဲ့လဲ့မျက်​ဝန်း​တွေ၏ ​တောက်​ပမှုများ​မှေးမှန်​သွားရကာ ၊

"မာမီ့ကိုလွမ်းလိုက်​တာ..."

သူလွှတ်​ခနဲ​ရေရွတ်​မိတာကို ဒယ်​ဒီကြားသွားပုံရသည်​ ။ လျင်​မြန်​​​နေ​သောကား၏အရှိန်​သည်​ ​လျော့ကျသွားသည်​ ။ မာမီသည်​ ကား တိမ်း​မှောက်​မှုတစ်​ခု၌ အသက်​ဆုံးကာ သူတို့သားအဖအား ချန်​ထားရစ်​ကာခဲ့ကာ လူ့
လောက က​နေထွက်​ခွာသွားသည်​မှာ သုံးနှစ်​ခန့်​ရှိ​ပေသည်​ ။ ​ဝေ့ဝဲလာ​သောမျက်​ရည်​စ
တွေအားလက်​ညှိုး​ကွေးဖြင့်​ဖယ်​ရှားလိုက်​သည်​ ။

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now