♪ ᴘᴀʀᴛ - ғᴏᴜʀᴛᴇᴇɴ ♪

124 4 0
                                    

Ⓩ︎Ⓐ︎Ⓦ︎Ⓖ︎Ⓨ︎Ⓘ︎
~~~~~~~~~~~

"ကိုကိုရေ... "

အသံပေးရင်း အိမ်ထဲသို့ဝင်လာသော အညိုရောင်ဆံနွယ်ခွေလေးတွေနှင့် မိုးနှောင်းခတ် ။ ကိုကို့အားမတွေ့သဖြင့် သူမလည်း Musical Room ဘက်အားလျှောက်လာလိုက်သည် ။ Musical Room ၏တံခါးအား ဖွင့်လိုက်ချင်းချင်းမြင်လိုက်ရသော မြင်ကွင်းကြောင့် နှောင်းခတ် ဇဝေဇဝါဖြစ်သွားရပါသည် ။

"ဟင်... စန္ဒရားကဘယ်ရောက်သွားတာလဲ"

အနက်ရောင်စန္ဒရားကြီးအားမတွေ့သဖြင့်
နှောင်းခတ်လည်း အခန်း၏တခြားနေရာတွေအားလှမ်းကြည့်ရှာဖွေသော်လည်း စန္ဒရားကမရှိချေ ။ ကိုကိုပြန်လာသည့်နေ့မှာပင် ဤ စန္ဒရားပေါ်၌ Azure bluet ပန်းလေးတွေကို ပန်းအိုးထိုးပြီးတင်ထားကာ ကိုကို့အား ကြိုဆိုခဲ့သေးလေသည် ။ အဲ့နောက်ပိုင်း နှောင်းလည်း အလုပ်တွေရှုပ်ကာ ကိုကို့အိမ်အား မရောက်ဖြစ်တော့သဖြင့် စန္ဒရားကြီးဘယ်ရောက်သွားလဲမသိပေ ။

"စန္ဒရားကို ကိုကိုပဲနေရာရွေ့လိုက်တာထင်
တယ်"

အခန်းထဲကနေ သူမ ပြန်ထွက်လာတော့ Musical Room နှင့်ကပ်ရက်အခန်းကနေ အသံတချို့ထွက်လာသဖြင့် နှောင်း
လည်း နားစွင့်မိလိုက်ကာ ထိုကပ်ရက်အခန်း ၏တံခါးအားတွန်းဖွင့်မိလိုက်ပါသည် ။ အခန်း
တွင်း၌ ကိုကိုနှင့်အတူ ခုနက နှောင်း ရှာနေ
သော စန္ဒရားကြီးကိုပါတွေ့လိုက်ရသည် ။

"ဪ... နှောင်းလေးပဲ ၊ ဘယ်ကနေ
ဘယ်လိုရောက်လာတာလဲ"

"ဒီလိုပါပဲ... ၊ ကိုကို့ ကိုလွမ်းလို့လာတွေ့တာ ၊ ဒါနဲ့ စန္ဒရားက ကိုကိုရွေ့လိုက်တာလား"

"အင်းလေ... ဘာရယ်တော့မဟုတ်ပါဘူး ၊
စန္ဒရားကို ဒီအခန်းထဲမှာ ထားချင်စိတ်ဖြစ်လာလို့ ထားလိုက်တာ"

"ဪ... ဒါနဲ့ ကိုကို ဘာတွေချိတ်နေတာလဲ"

"ပန်းချီကားလေးတွေလိုက်ချိတ်နေတာပါ... "

သော်လွန်းလည်း ပြောပြောဆိုဆို ပန်းချီကားလေးတွေအား နံရံ၌ဆက်ချိတ်နေလိုက်
ပါသည် ။

"ပန်းချီကားလေးတွေကလှလိုက်တာ... ကိုကိုရယ် ၊ မသိရင်တကယ့်ပန်းအစစ်လေး
ကြနေတာပဲ ၊ ဆွဲတဲ့ပန်းချီဆရာကတော်လိုက်တာ"

You've reached the end of published parts.

⏰ Last updated: Mar 13, 2023 ⏰

Add this story to your Library to get notified about new parts!

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now