♪ ᴘᴀʀᴛ - ᴛʜʀᴇᴇ ♪

43 8 1
                                    

Ⓩ︎Ⓐ︎Ⓦ︎Ⓖ︎Ⓨ︎Ⓘ︎
~~~~~~~~~~~

"​တေး​လေး...ငါရန်​ကုန်​ကိုပြန်​ရ​တော့မယ်​"

နှင်း​တေးသာသည်​ အစ်​ကို့၏နှုတ်​ခမ်းအဖိအ​ဖော့အားကြည့်​ကာ အစ်​ကို​ပြော​သောစကား၏ ဆိုလိုရင်းကိုနားလည်​ခိုက်​ရင်​ထဲ၌
ဝမ်းနည်းငိုချင်​စိတ်​တို့ပြင်းပြလာရ​ပေသည်​ ။ ဤနှစ်​လခွဲအတွင်း အစ်​ကိုသည်​ ​တေးသာအ​ပေါ် သူငယ်​ချင်းလို​ရော အစ်​ကိုတစ်​​ယောက်​လို​ရော ​ဖေးမ​စောင့်​​ရှောက်​ခဲ့​ပေသည်​ ။ သူငယ်​ချင်းဆိုတာမရှိ​သောသူမအဖို့အစ်​ကို့ကို အင်​မတန်​တွယ်​တာခဲ့ရသည်​ ။ နှင်းဆီခြံကို ည​နေတိုင်း​ရောက်​လာတတ်​သည့်​အစ်​ကို့၏
စက်​ဘီး​လေးကို​ရော အစ်​ကို့ကို​ရော မနက်​ဖြန်​မှစ၍မ​တွေ့ရ​တော့ဘူးဆို​တော့ ​တေးသာ
ဝမ်းနည်းလာကာငိုချမိပါ​တော့သည်​ ။

"မငိုနဲ့​လေ ​တေး​လေးကလည်း ၊ နင်​ငို​တော့ ငါပါငိုချင်​တယ်​ဟ"

သူမ​လေး၏မျက်​ရည်​များအားသုတ်​​ပေးရင်း 
သော်​လွန်းလည်းဝမ်းနည်းလာကာငိုမဲ့မဲ့ဖြစ်​ လာသည်​ ။ ​ဝေ့တက်​လာ​သောမျက်​ရည်​စများအား ပါးပြင်​​ပေါ်မကျသွား​အောင်​ ​သော်​လွန်း
ထိန်းချုပ်​ထားမိကာ သူ့အားစိုက်​ကြည့်​ကာ
တဟင့်​ဟင့်​ငို​နေ​သော​တေး​လေး၏​ကျောပြင်​အား လက်​ဖြင့်​ပုတ်​​ပေးကာ ၊

"တိတ်​​နော်​...တိတ်​ ၊ မငိုနဲ့​တော့...ငိုရင်​နင့်
မျက်​လုံးပိုပြူးလာပြီး ဇီးကွက်​နဲ့ တဖြည်းဖြည်း ပိုတူသွားလိမ့်​မယ်​"

သူ့လက်​​မောင်းအားဖျတ်​ခနဲလှမ်းရိုက်​​သော
တေး​လေး​ကြောင့်​ သူလှစ်​ခနဲပြုံးလိုက်​မိ
သည်​ ။ ဝမ်းနည်းပြီးငို​နေတာ​တောင်​ ဇီးကွက်​ လို့​ခေါ်ရင်​စိတ်​ဆိုးတတ်​​သေး​သော​တေး​လေး
ကြောင့်​ရယ်​ချင်​ရင်း တစ်​ဖက်​ကလည်းသနားရ​ပေသည်​ ။

"ဇီးကွက်​မ​လေး...မငိုနဲ့​တော့"

ဇီးကွက်​မ​လေး ဟုထပ်​​ခေါ်​တော့မျက်​ရည်​​တွေ အားသုတ်​ကာသူ့အားထုရိုက်​လာသဖြင့်​ ​သော်​လွန်းမှာ တဟားဟား​အော်​ရယ်​ရင်းပတ်
ပြေး​နေရသည်​ ။ သူထို​နေ့တစ်​​နေ့လုံး ​တေး ​လေးအား အ​ဖော်​လုပ်​​ပေးခဲ့သည်​ ။ နှင်းဆီရနံ့ထုံသင်း​သောခြံထဲ၌ သူမအားစ​နောက်​ရင်း မနက်​ဖြန်​ပြန်​ရမည့်​အဖြစ်​ကို​မေ့ချင်​​ယောင်
ဆောင်​ထားမိသည်​ ။ သူပြန်​ခါနီးည​နေအချိန်​ကို​ရောက်​လုနီး​တော့ ​တေး​လေး၏မျက်​နှာက
မရွှင်​ပျ​တော့​ပေ ။ နာရီတကြည့်​ကြည့်​ဖြင့်
မျက်​နှာ​လေးငယ်​ကာညှိုးနွမ်းလာသည်​ ။ ဒါကို ​သော်​လွန်းမြင်​​သော်​လည်း စိတ်​မ​ကောင်း ရုံမှအပဘာမှမတတ်​နိုင်​​ပေ ။ ဒီ​ကောင်​မ​လေးကိုသနားကရုဏာပိုရကာအလွန်​လည်းခင်
တွယ်​မိသည်​ ။

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now