♪ ᴘᴀʀᴛ-ᴛᴡᴏ ♪

84 9 1
                                    

Ⓩ︎Ⓐ︎Ⓦ︎Ⓖ︎Ⓨ︎Ⓘ︎
~~~~~~~~~~~

"Hello ​သော်​လွန်း"

"​အေး​ပြော...မိုးသူရ"

"မင်းဘယ်​​နေ့ပြန်​လာမှာလဲ"

"ငါလား...​နွေ​ကျောင်းပိတ်​ရက်​ပြီးခါနီးမှပြန်​လာမှာ ၊ ဒီ​ကျောင်းပိတ်​ရက်​​တွေကို ဘွားဘွားအိမ်​မှာပဲ​နေဖြစ်​မှာ"

"အဲ့လိုလား...ဒါဆို​နွေရာသီ​ကျောင်းပိတ်​ရက်
ကြီးက ပျင်းစရာကြီးကွာ"

"မင်းညီမ​လေးနဲ့​ဆော့​ပေါ့ကွာ"

"အမ​လေး...​နေစမ်းပါ ၊ အဲ့ဟာမ​လေးကငါ့ကိုသာအစ်​ကိုထည့်​မ​ခေါ်ဘဲ နင်​နဲ့ငါနဲ့သာ
ပြောတာ ၊ မင်းကို​တော့ ကိုကို ကိုကိုနဲ့လိုက်​ ကပ်​​နေတာ ၊ အမြင်​ကိုကပ်​တယ်​"

"မိုး​နှောင်းခတ်​​လေးက ချစ်​စရာ​လေးပါကွာ"

"အဲ့ဟာမ​လေးကိုမင်းပဲချစ်​ ၊ ငါ့ညီမသာဆို
တယ်​...ငါ​တော့တစ်​စက်​မှကြည့်​မရဘူး ၊
အမြင်​ကိုကပ်​တယ်​"

သူငယ်​ချင်းဖြစ်​သူ မိုးသူရ နှင့်​ဖုန်း​ပြော​နေရင်း
သော်​လွန်းလမ်း​လျှောက်​လာတာခြံထဲ​တောင်​ ​ရောက်​လာပြီ ။ အိုးဖြင့်​ထည့်​စိုက်​ထား​သော နှင်းဆီပန်း​တွေအားလက်​ဖြင့်​တို့ထိ​ဆော့ကစား​နေရင်းနီ​ရောင်​ခြယ်​​သောနှင်းဆီများ
ကြားထဲက မျက်​ဝန်းဝိုင်း​တွေသည်​ အာရုံထဲ
ဖျတ်​ခနဲ​ပေါ်လာသည်​ ။ ကြယ်​​လေးတစ်​လုံးလို ကြည်​လဲ့ကာ ခပ်​ကျယ်​ကျယ်​ရှိ​သောမျက်​ ဝန်းဝိုင်းဝိုင်း​တွေသည်​လှပသည်​ ။ အ​ကြောင်း ပြချက်​မရှိဘဲထို​ကောင်​မ​လေးအား သူခင်​မင်
ချင်​သည်​ ။

"ဟို​ကောင်​ သက်​ထက်​နိုင်​ကလည်း အားမကိုးရပါဘူးကွာ ၊ သူကအမြဲတမ်းစာအုပ်​တစ်​ အုပ်​နဲ့ငြိမ့်​​နေတာ ၊ ​ဘောလုံးကန်​မယ်​ဆို
လည်းမလိုက်​...ဂိမ်းလည်းမ​ဆော့​တော့ ဂိမ်း
ဆော့ဖို့လည်း​ခေါ်မရ ၊ ငါနဲ့အတူတူ​ဘောလုံး
ကန်​ ဂိမ်း​ဆော့တဲ့မင်းကလည်းအဘွားအိမ်​မှာ ၊ ငါ​တော့ပျင်း​သေမှာပဲ"

"ညည်းလိုက်​တာကွာ...ခို​တွေ​တော့ထွက်​​ပြေး​တော့မှာပဲ"

"ခို​တွေ ထွက်​​ပြေး မ​ပြေး​တော့မသိဘူး​ဟေ့ ၊ ​လော​လောဆယ်​​တော့စာကြမ်းပိုးသက်​ထက်​နိုင်​က​တော့ သူဖတ်​ထားတဲ့စာအုပ်​​တွေ
အ​ကြောင်း​ပြောပြဖို့ငါ့အိမ်​ခြံဝ​ရောက်​​နေပြီဟ၊ အခု​တော့ ငါထွက်​​ပြေး​တော့မယ်​ ၊ သူဆရာ
ကြီးလုပ်​တာမခံနိုင်​ဘူး ၊ ဒါပဲ​ဟေ့..."

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now