♪ ᴘᴀʀᴛ - ᴛʜɪʀᴛᴇᴇɴ ♪

50 5 0
                                    

ⓏⒶⓌⒼⓎⒾ
~~~~~~~~~~~~~

သော်လွန်းနေ၏စက်ဘီးလေးသည် ပန်းချီကားတွေအားဘောင်သွင်းရန်အပ်ထားသော
ဆိုင်ကလေးဆီသို့ မြန်ဆန်စွာခရီးနှင်နေ၏ ။
ရုတ်တရက် မိုးရနံ့ပါသောလေက ခပ်ကြမ်းကြမ်းတိုက်လိုက်သဖြင့် လတ်တလောကမှ
ဆေးဆိုးထားသောအညိုရောင်ဆံနွယ်တို့
သည် အနည်းငယ်ပွယောင်းယောင်းဖြစ်သွားပါ၏ ။ အနည်းငယ်မီးခိုးရောင်သန်းနေသော
ကောင်းကင်ကြီးအား သော်လွန်း ဖျတ်ခနဲမော့ကြည့်ကာ စက်ဘီးကိုအာရုံစိုက်၍ ခပ်သွက်သွက်နင်းလာလိုက်သည် ။ သိပ်မကြာခင် အချိန်အတွင်း ပန်းချီကားတွေအားဘောင်သွင်းဖို့အတွက်အပ်ထားသောဆိုင်ရှေ့သို့ စက်ဘီးလေးဆိုက်ရောက်လာ၏ ။

"အစ်ကို... ကျွန်တော်ဟိုတလောကအပ်ထားတဲ့ပန်းချီကားလေးတွေ ဘောင်သွင်းလို့ပြီးသွားပြီလားဗျ"

"အေး... ရပြီ ညီလေး ၊ ဒီမှာ မင်းပန်းချီကား
တွေ..."

အညိုရောင်ဘောင်ကွပ်ထားသောပန်းချီကားချပ်တွေအား သူ တယုတယကိုင်တွယ်လိုက်
၍ စိုက်ကြည့်နေမိပါသည် ။ ထို့နောက်မှာတော့ လှစ်ခနဲပြုံးလိုက်ကာ ပန်းချီကားဘောင်အတွင် ကျသင့်ငွေရှင်းလိုက်သည် ။

"သေချာလေးထည့်ပေးပါနော် အစ်ကို ၊
မှန်ကွဲမှာစိုးလို့"

ပန်းချီကားလေးတွေပ ကင်းဗတ်ပေါ်မှာဆွဲတာ မဟုတ်ဘဲ သာမန် A-4 ဗြောင်ပေါ်မှာသာရေးဆွဲထားသောကြောင့် သူက မှန်
အကြည်လေးသွင်းကာ ဘောင်ခတ်ထားခြင်းပင်ဖြစ်သည် ။ ပြီးနောက် စကိဘီးပေါ် ပန်းချီကားတွေအား သေချာတင်ကာထွက်လာခဲ့ပါ
သည် ။

အိမ်မရောက်ခင် လမ်းတစ်နေရာ၌ပင် လေပြင်းများပြင်းစွာတိုက်ခတ်လာကာ မိုးရေစက်တို့
သည် သည်းထန်စွာပင် ပတ်ဝန်းကျင်တစ်ခွင်
အား သွန်းဖြိုးလိုက်ပါ၏ ။

"ဟာ... မိုးကတော့လုပ်ပြီကွာ...၊ အဲ့မိုးနတ်မင်းက သူအားယားတိုင်း မိုးတွေထရွာနေတာ ၊ အလိုက်ကန်းဆိုးကိုမသိဘူး... ၊ သူ မိုးရွာလိုက်ရင် လူတွေအခက်အခဲဖြစ်ကုန်မှာ နားမလည်ဘူးလား... ၊ ဘယ်လိုနတ်လဲဟ... "

မိုးစက်တွေကြောင့် တစ်ကိုယ်လုံးရွဲနစ်ကာ
ကြွက်စုတ်လေးဖြစ်သွားသော လူငယ်လေး
သော်လွန်းနေသည် မကျေမချမ်းရေရွတ်လိုက်သည် ။ စက်ဘီးအားရပ်ကာ မိုးတွေသည်းနေသော ကောင်းကင်အားမော့ကြည့်၍ မိုးနတ်မင်းအားကျိန်ဆဲနေမိစဉ် လျှပ်စီးတွေ
ထလက်ကာမိုးခြိမ်းသွားသဖြင့် မိုးနတ်မင်းကို ကျိန်ဆဲနေသော သော်လွန်းနေလေးခမျာ
ဇက်ကလေးပုကာ ကျောလေးနှိမ့်ချလျက်... ၊

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now