♪ ᴘᴀʀᴛ - ᴇɪɢʜᴛ ♪

33 3 0
                                    

Ⓩ︎Ⓐ︎Ⓦ︎Ⓖ︎Ⓨ︎Ⓘ︎
~~~~~~~~~~~~

နွေရာသီ​ကျောင်းပိတ်​ရက်​ကတဖန်​ပြန်​၍စလာပြန်​ပြီ ။ ​သော်​လွန်း​နေသည်​ သူ့ကိုယ်​ပိုင်​ အခန်း​လေးထဲဝယ်​ စာ​ရေးစားပွဲ၌ငြိမ်​သက်​စွာ
ထိုင်​​နေ၏ ။ စားပွဲ​ပေါ်၌ကြိုးကြာရုပ်​​လေးရှိသလို ခုတင်​​ပေါ်ဝယ်​အဝတ်​အစား​တွေထည့်​ထား​သော Luggage အနီ​လေးရှိ​နေ၏ ။
လက်​​ချောင်းသွယ်​လျလျ​တို့သည်​စားပွဲ​ပေါ်သို့
တင်​​နေ​သော ကြိုးကြာရုပ်​​လေးအား​ကောက်​ယူလိုက်​ကာလက်​​ချောင်းများကြားတွင်​လှည့်
လည်​ကာကြည့်​​နေသည်​ ။ မျက်​ဝန်းညိုအစုံ
သည်​ ညှိုးငယ်​​နေကာလွမ်းရိပ်​တို့ချည်​​နှောင်
ဝေ့သီ၏ ။ နားထဲတွင်​မနက်​ကဒယ်​ဒီနှင့်​ Breakfast ဝိုင်းတွင်​​ပြောခဲ့သည့်​စကားများကိုသာအဖန်​တလဲလဲကြား​ယောင်​​နေ
လေသည်​ ။

"ဒယ်​ဒီ...သားကအ​မေရိကမှာ​ကျောင်းသွား
တက်​မှာဆို​တော့​လေ ​တေး​လေးဆီခဏ​လေးသွားချင်​တယ်​ ၊ ​တေး​လေးကိုနှုတ်​ဆက်​ချင်​လို့...၊ ဒယ်​ဒီလိုက်​ပို့ပါလားဟင်​"

"ဪ ဟုတ်​သားပဲ ၊ သားကို​ပြောဖို့​မေ့​နေတာ ၊ သားဘွားဘွားနဲ့အရင်​လကဖုန်း​ပြော
ရင်း သားဘွားဘွားက​ပြောတယ်​ ၊ နှင်း​တေးသာရဲ့အဘိုးဆုံးသွား​တော့ နှင်း​တေးသာကို
ပန်းချီဆရာတစ်​​ယောက်​​မွေးစားသွားတယ်​တဲ့ ၊ Church ကဖာသာနဲ့အသိလို့​ပြောတယ်​ ၊ အလည်​လာရင်းဘုရား​ကျောင်းလာတက်​တဲ့
က​လေး​တွေကိုပန်းချီသင်​​ပေးတဲ့ဆရာတဲ့ ၊
နှင်း​တေးသာကအဲ့မှာပန်းချီသင်​​တော့ နှင်း
တေးသာကိုသံ​ယောဇဉ်​ဖြစ်​သွားတယ်​ထင်
တယ်​ ၊ နှင်း​တေးသာအဘိုးကရုတ်​တရက်
ဆုံးသွား​တော့ အဲ့က​လေးမလည်းတစ်​​ကောင်
ကြွက်​ဖြစ်​​ရော ၊ အဲ့တာနဲ့​မွေးစားလိုက်​ပြီး သူ
နေတဲ့မြို့ကို​ခေါ်သွားတယ်​ တဲ့"

မြန်​မာပြည်​က​နေသူထွက်​ခွာသွားရ​တော့မှာမို့လို့ သွား​ရောက်​နှုတ်​ဆက်​မယ်​ဆိုမှ ​တေး​လေးကထို​နေရာတွင်​မရှိ​တော့ပြီ ။ မြန်​မာပြည်​ရဲ့ဘယ်​ဆီဘယ်​ဝယ်​​ရောက်​​နေလဲမသိ​သော
တေး​လေးကို သူကချန်​ထားရစ်​ကာ အ​မေရိက ကို​ကျောင်းသွားတက်​ရ​တော့မည်​ ။ သူ့
မြင်​လွှာထဲ၌ ​တေး​လေး၏စာအုပ်​ထဲက
လက်​​ရေးဝိုင်းဝိုင်း​လေး​တွေကိုပြန်​မြင်​​ယောင်​လာ​လေသည်​ ။

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now