♪ ᴘᴀʀᴛ-ᴛᴡᴇʟᴠᴇ ♪

44 4 0
                                    

ⓏⒶⓌⒼⓎⒾ
~~~~~~~~~~~~~

အိမ်​​ရှေ့မှဘဲလ်​သံမြည်​လာသဖြင့်​ မနက်​စာပြင်​​နေ​သော ​သော်​လွန်း​နေသည်​ ကိုယ်​တိုင်​ချက်​ထား​သောမုန့်​ဟင်းခါးအိုးမှဟင်းရည်​အား ဇွန်းဖြင့်​ခပ်​ကာ မြည်းစမ်း​နေခြင်းအားရပ်​တန့်​လိုက်​ကာ ​အေပရွန်​ကြီးဝတ်​လျက်​သားဖြင့်
အိမ်​​ရှေ့သို့ထွက်​လာသည်​ ။

"မနက်​​စော​စောစီးစီး ဟိုလင်းတ​တွေဘာလာလုပ်​လဲမသိဘူး"

သူငယ်​ချင်း​တွေလာသည်​အထင်​နှင့်​ခြံတံခါးသွားဖွင့်​လိုက်​​တော့ မည်​သူမျှမရှိပါ ။

"ဘယ်​သူမှလည်းမရှိပါလား..."

သူ​ပြော​ပြောဆိုဆိုဖြင့်​အိမ်​ထဲဝင်ရန်​လုပ်​စဉ်​ ခြံတံခါးကစာတိုက်​ပုံး​လေးမှာ တစ်​စွန်းတစ်​စ ထွက်​​ပေါ်​နေတဲ့ပန်းနု​ရောင်​​လေးအားမျက်​စိ​ထောင့်​စွန်းမှမြင်​လိုက်​ရသဖြင့်​ထိုပန်းနု​ရောင်​​လေးအားထုတ်​ယူလိုက်​သည်​ ။ ​ရေ​မွှေးရနံ့သင်းသင်း​လေးရ​နေ​သောပန်းနု​ရောင်​စာအိတ်​ငယ်​​လေးတစ်​အိတ်​ဖြစ်​ပါ၏ ။ အိမ်​ထဲဝင်​လာကာစာအိတ်​အား​ဖောက်​ကြည့်​လိုက်​ပါ
သည်​ ။ ထွက်​လာသည့်​အရာကား ပန်းပုံ​လေးတစ်​ပုံအားဆွဲသားထားသည့်​ပန်းချီကားငယ်
လေးဖြစ်​၏ ။ အရွက်​​လေး​တွေကြားမှာလှပစွာပွင့်​လန်းလျက်​ရှိ​သော တရုတ်​စံကားပန်း​လေး​တွေ၏ပုံဖြစ်​သည်​ ။ အဖြူ​ရောင်​ပွင့်​ဖတ်​​တွေအလယ်​မှာ အဝါ​ဖောက်​​နေ​သောတရုတ်​စံကားပန်းငယ်​​လေးသည်​ ပုံ​ရေးဆွဲထားတာ မှန်​​သော်​လည်း အစစ်​အတိုင်းပင်​ အသက်​ဝင်​လှပလွန်း၏ ။

သော်​လွန်းသည်​ရင်​ထဲထိတ်​ခနဲဖြစ်​သွားပါ
သည်​ ။ ​တေး​လေးများလာ​ပေးတာလား ဟု
တွေးလိုက်​မိပါ၏ ။ ထို့​နောက်​ အိပ်​ခန်းထဲ
ပြေးဝင်​သွားကာ သူ့စာကြည့်​စားပွဲအံဆွဲထဲ၌ ထည့်​၍သိမ်းဆည်းထား​သော Zinnia ပန်းပုံ ပန်းချီကား​လေးအားထုတ်​ယူကာစားပွဲ​ပေါ် ပန်းချီကားနှစ်​ချပ်​အားယှဉ်​တွဲချလိုက်​၍ စူးစိုက်​ကြည့်​မိသည်​ ။ ပန်းချီကားထိပ်​၌ ' To Flowers Santa ' ဟူ​သောစာလုံး
တွေနှင့်​ပန်းချီကား​အောက်​ဆုံးမှာ​တော့ စက္ကူ
ကြိုးကြာရုပ်​​လေးတစ်​ရုပ်​အားဆွဲသားထားပုံကလည်း ပန်းချီကားနှစ်​ချပ်​လုံးအတူတူပါပင်​ ။ ပန်းပုံ​တွေကွဲပြားသည်​ကလွဲလို့ကျန်​တဲ့စာတန်းနှင့်​ကြိုးကြာရုပ်​ကတူညီသဖြင့်​ ​တေး​လေးဆီကဆိုတာ သူ​သေချာသွားပါ၏ ။

❀ ғʟᴏᴡᴇʀs ᴅɪᴀʀʏ ❀ Where stories live. Discover now