" မျက်နှာလည်းမကောင်းပါလား .. ဘာဖြစ်လို့လဲ "
တောင်ကမ်းပါးယံတစ်ခုအပေါ်မှာ အတူထိုင်ကြရင်း ကျောက်ဆောင်တွေဆီ ဝင်တိုက်နေတဲ့ ရေလှိုင်းအသံတွေကို နားထောင်ကြည့်မိတော့ အစ်မမျက်နှာက စိတ်မကောင်းချင်းတွေကို ကိုယ့်မျက်လုံးတွေကပါ ဝင်တိုက်မိတယ် ။
လေသာသာနဲ့လွင့်နေကြတဲ့ အစ်မရဲ့ဆံနွယ်တွေက တစ်မျှင်နှစ်မျှင်မက ။
ချထားတဲ့မျက်လွှာတွေကိုပင့်ပြီး ကိုယ့်ဆီကြည့်လာတော့ အစ်မက ဖြည်းဖြည်းလေးပြုံးရင်း ကိုယ့်ကို ခေါင်းရမ်းပြတယ် ။
ဒီမေးခွန်းအတွက် အစ်မမှာ အဖြေမင်းကို မပေးနိုင်ပါဘူးဆိုတဲ့ သဘောရိုးလေး ။
ကိုယ်ကလည်းအလိုက်သတိလေးဘဲ ဘေးမှာတိတ်ရင်း ငေးနေပေးလိုက်တယ် ။
အစ်မ မပျော်နေတော့ ကိုယ်ပိုဖျားရပြီပေါ့ ။
" တို့ မင်းကိုအားနာလိုက်တာ "
ကိုယ့်ထံကရှောင်လွှဲမသွားသေးတဲ့ အစ်မဆီကကြားလိုက်ရတဲ့ စကားသံတိုးစစ ။
" မင်းရဲ့အားလပ်ချိန်က တို့ကြောင့် ကုန်ရတာများများစားစားမရှိသလိုဘဲ "
" ဒါဆို တစ်နေ့ကြ အစ်မရဲ့အားလပ်ချိန်တွေကို ညီမကိုပြန်ပေးပေါ့ "
" ဒီလိုဆို မင်းပခုံးတစ်ဖက် တို့ကိုထပ်ငှားအုံး "
စကားသံတွေဆုံးတော့ ကိုယ့်ပခုံးအပေါ် အစ်မရဲ့ခေါင်းလေးကျလာတယ် ။
အစ်မဘက်ကကိုယ့်လက်တစ်ဖက်ကို အစ်မဟာယူလိုက်ရင်း သာသာဖွဖွလေးကိုင်လျှက် ကိုယ့်လက်ချောင်းတွေကြား အစ်မရဲ့လက်ချောင်းတွေကိုထည့်ပြီးယှက်လို့နေသည် ။
" မင်းက အရပ်တင်မဟုတ်ဘူး လက်ချောင်းတွေလည်း တို့ထက်ရှည်တာဘဲ "
" အဲ့လိုဆိုပေမဲ့ အစ်မက ညီမထက် ဆံပင်တွေပိုရှည်တယ်မဟုတ်လား "
" နောက်တစ်ခါလာရင် တို့ဆံပင်ညှပ်ခဲ့မယ် "
" ဟင် "
" ဒါဆို မင်းထက်လည်း ဆံပင်တွေမရှည်တော့ဘူးပေါ့ "
" အစ်မရဲ့ ဆံပင်ရှည်တွေကို ညီမက ပိုသဘောကျတယ်ဆိုရင်ရော "
YOU ARE READING
WHITE SWEATER I