ညနေခင်းတွေထဲ အလွမ်းတွေ ထည့်လျှောက်ဖြစ်ပြန်တဲ့ တစ်ညနေပါ ။မနက်နွားနို့သွားပို့ထဲက ပျောက်သွားလိုက်တဲ့ ကိုယ့်ကို အမေက အိမ်အပေါက်မှာ ရပ်လို့ အခုမှ အိမ်ပြန်လာတဲ့ကိုယ့်အား ကြည့်နေလေသည် ။
" ဘယ်သွားမလို့လဲ အမေ ? "
စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး အမေ့အရှေ့သွားရပ်တော့ အမေက
" ဈေးသွားဝယ်ရမယ်လေ .. တစ်ယောက်ထဲ မနိုင်လို့ Tzuကို စောင့်နေတာ "
" ဟုတ်သားဘဲ .. ဒါကို သမီးမေ့ပြီး အလည်လွန်သွားတယ် "
" ဘယ်တွေသွားနေတာလဲ ? "
မေးပြီး အိမ်ထဲဝင်သွားလို့ အမေ့အနောက်ကနေ လိုက်လာခဲ့ရင်း
" ပင်လယ်ဘက်ကိုပါ .. ပြီးဝော့ာ စတိုးဆိုင်ဘက်ကိုရော .. အခုက သင်္ဘောဆိပ်ကနေ ပြန်လာတာလေ "
"
" ရော့အနွေးထည် အပြန်မှာ အေးလောက်တယ် "
ကိုယ့်အတွက် အသင့်ထုတ်ပြီးသား အနွေးထည်ကို ကိုယ့်ထံပေးပြီး အမေက သူ့ပိုက်ဆံအိတ်အနက်လေးကိုင်လို့ အိမ်ရှေ့သို့ ပြန်ထွက်သွားသည် ။
အိမ်တံခါး သော့သေချာခတ်နေတဲ့ အမေ့ကို ဘေးကနေ တိတ်တဆိတ်ဘဲ ရပ်လို့ကြည့်နေမိတဲ့ ကိုယ်က အစောနက အမေပေးထားခဲ့တဲ့ အနွေးထည်ကို ခေါင်းကနေ လျှိုလို့ ဝတ်လိုက်သည် ။
🌊...
အသီးအရွက်ဈေးထဲ လက်ဆက်တဲ့ သစ်သီးဝလံတွေနဲ့ ဟင်းရွက်တွေဟာ အရောင်တွေ ဖိတ်ဖိတ်တောက်လျှက် ။
အသီးအရွက်ဈေးဆိုပေမဲ့ ပင်လယ်စာတွေလည်း စုံအောင်ရနိုင်သည့် ဈေးဖြစ်သည် ။
ညနေဘက်မှ ပိုစီတဲ့ ဒီဈေးက ညတစ်ဆယ့်တစ်နာရီအထိ ဖွင့်သည် ။
ဈေးထဲ အမေဝယ်ထားတဲ့ အသီးအရွက်ထုပ်တွေဆွဲလို့ လျှောက်မိတော့ အမေ့ဖိနပ်လေး ပါးနေတာကို မထင်မှတ်ဘဲ တွေ့လိုက်ရသည် ။
" Tzu , ရေဘဝဲစားအုံးမလား ? "
" ဟုတ် အမေ "
🌊...
ကိုယ့်အရှေ့က လျှောက်နေတဲ့ အမေ့ကို အနောက်ကနေ ကြည့်နေမိရင်း အမေ့ ဖိနပ်လေး ဘယ်တော့ပြတ်မလဲ ဆိုတာကို တွေးလို့နေမိသည် ။
YOU ARE READING
WHITE SWEATER I