" မင်းရောက်နေတာဘဲ "ကိုယ့်ကိုမှတ်မိပုံရတဲ့အဲ့အစ်မက ကိုယ့်အားစပြီးနှုတ်ဆက်လို့လာသည် ။
ဒီတစ်ကြိမ်လည်းအဲ့အစ်မက ထီးကလေးဆောင်းထားတယ် ။
ကိုယ့်မှာ ထီးကလေးတစ်ချောင်းပြန်ကောက်ရပြန်တယ်ပေါ့ ။
" အစ်မကို လာစောင့်နေတာလေ "
" ဟွန် တို့ကိုလာစောင့်နေတာလား "
အသုံးအနှုန်းတွေထပ်ပြောင်းသွားပြန်တဲ့အဲ့အစ်မကို ကျွန်မလည်း အစ်မလို့ဘဲ အဲ့ဖြုတ်ပြီးခေါ်တော့မယ် ။
" ဟုတ်ကဲ့ "
" ဆိုတော့က မင်းက တို့ကို အမှတ်ရတယ်ပေါ့ "
" သေချာပေါက်ဘဲပေါ့ "
🌊...
စာတိုက်ထဲကထွက်လာတဲ့အစ်မရဲ့ ကိုယ်နေဟန်ထားကလေ နူးညံ့ပြီး မိန်းကလေးဆန်တယ် ။
ကိုယ့်မှာ စက်ဘီးဘေးရပ်ပြီး အစ်မရဲ့ အလှတွေထဲ ကိုယ့်အချစ်တွေ ပေါင်းထည့်လို့ စီးမျောနေမိတုန်း အစ်မက ကိုယ့်ရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ သူ့အပြုံးတွေကို အသုံးချပြီး ကိုယ့်စိတ်တွေကို မြေပေါ်ပြုတ်ကျကုန်တဲ့အထိ လုပ်တယ်လေ ။
နှုတ်ခမ်းတွေပြုံးရင်း ကိုယ့်ကိုကြည့်ကာ အနားရောက်လာတဲ့ အစ်မဆီမှာ ကိုယ့်အတွက် အချစ်တွေပါခဲ့ရင်သိပ်ကောင်းမယ် ။
ဒီလိုဆိုမှ အစ်မလက်ထဲ ပြန်ပါမလာတော့သည့် Asterပန်းတွေကို သတိထားမိတော့သည် ။
" ဒီတစ်ခါတော့ တို့ဝယ်ကျွေးမယ် .. လာ ပင်လယ်စာခေါက်ဆွဲဆိုင်သွားရအောင် "
🌊...
" ကမ္ဘာပေါ်ကယာဉ်တွေထဲမှာ စက်ဘီးစီးရတာကို တို့အကြောက်ဆုံးဘဲ သိရဲ့လား "
လက်ထဲကိုင်ထားတဲ့ တူတွေကို စားပွဲပေါ်တံတောင်တင်ပြီး ထောင်လိုက်တဲ့ အစ်မဆီကနေ ကိုယ်သိခွင့်ရလိုက်တဲ့ အချက်တစ်ခုပေါ့ ။
အစ်မက စက်ဘီးစီးရတာကြောက်တယ်တဲ့ ။
" မင်းအနောက်ကလိုက်စီးဖြစ်တော့လည်း ဒီခံစားချက်ကို တို့မှာဖျောက်မရဘူး "
ESTÁS LEYENDO
WHITE SWEATER I