WHITE SWEATER ☂️ 5

218 39 2
                                    


အိမ်စာတွေလုပ်အပြီး အခန်းအပြင်ထွက်ခဲ့တော့ အမေနဲ့ အိပ်ခန်းအပေါက်နားလေးတင်တိုးသည် ။

ဈေးသွားဖို့ပြင်နေပုံရတဲ့အမေက သူအမြဲကိုင်နေကြ ပိုက်ဆံအိတ်အနက်ကလေးနဲ့ ။

" ဈေးသွားမို့လား အမေ "

" ဟုတ်တယ် "

" ဒါဆိုခဏ အမေ .. သမီးလည်းလိုက်မယ် "

အခန်းထဲပြန်ဝင်လာခဲ့ပြီး ဆွယ်တာအဖြူတွေအထက် တစ်ခြား‌သောအနွေးထည်တစ်ထည်ကို ဗီရိုထဲကနေ ယူဝတ်လိုက်မိသည် ။

🌊...

" ကြွပါ "

ဈေးဝယ်ပြီးအပြန် ပင်လယ်စာခေါက်ဆွဲဆိုင်ထဲဝင်ခဲ့တော့ ဆိုင်ရှင်အန်တီကြီးက အမေ့ကို စပြီး နှုတ်ဆက်လို့လာသည် ။

ကိုယ်ကတော့ အမေ့အနောက်ကနေလိုက်ရင်း အမေရွေးတဲ့စားပွဲမှာထိုင်ဖို့ စိတ်ကိုပြင်နေတာပေါ့ ။

အမေနဲ့နှစ်ယောက်အတူ စားပွဲတစ်ခုမှာထိုင်တော့ ခပ်လှမ်းလှမ်းက ချိတ်တစ်ခုဆီမှာ မြင်ဖူးနေကြ ထီးတစ်ချောင်းကို တွေ့လိုက်ရသည် ။

အစ်မထီးနဲ့တစ်ပုံစံထဲမို့ သိချင်စိတ်ကကြာကြာထိုင်မနေလိုက်ဘဲ အကြောင်းပြချက်တစ်ခုရှာကာ ထလာခဲ့လိုက်သည် ။

" သမီး ခေါက်ဆွဲပန်းကန်တွေ သွားကူသည်ခဲ့ပေးမယ် "

မီးဖိုချောင်ဘက်ထဲကိုယ်ဝင်လာတာကိုမြင်တော့ ခေါက်ဆွဲပွဲပြင်နေတဲ့ အန်တီဟာ ကိုယ့်ကို တစ်ချက်လှမ်းကြည့်လို့လာသည် ။

" သမီးနဲ့လာနေကြ မိန်းကလေးရော ဒီလထဲ မမြင်မိပါလား "

" ဟုတ်ကဲ့ ...အစ်မက မအားလို့ ဒီတစ်လတော့မလာဖြစ်ဘူး "

" ဒါကြောင့်ကို "

" ဟိုလေ .. အရှေ့မှာချိတ်ထားတဲ့ ထီးကလေ "

" ဟုတ်တယ် .. အဲ့ဒါ သမီးနဲ့လာနေကျ မိန်းကလေးကျန်ခဲ့တဲ့ထီးလေ .. အန်တီလည်း သမီးကိုတွေ့ရင်ပေးမလို့ဘဲ .. သမီးဒီဘက်လာတာကို အန်တီမတွေ့ဖြစ်တာနဲ့ အထဲယူပြီး သိမ်းထားပေးလိုက်တာ "

" ဒါဆို သမီးပြန်တဲ့အခါ အဲ့ထီးကိုယူသွားလိုက်မယ်နော် အန်တီ "

WHITE SWEATER    I Where stories live. Discover now