ဖုန်းပြန်ခေါ်လို့ ချော့ရကောင်းမှန်း မသိတတ်ခဲ့တဲ့ အစ်မ ။
ကိုယ့်မှာ ရောင်နီသန်းတိုင်း အစ်မ ဆီက ဝင်မဲ့ ဖုန်းကောလ်တွေကိုမျှော်ရတယ် ။
ဘာကြောင့်ပါဆိုတဲ့ အကြောင်းပြချက်တွေ ညီမ မကြားလိုပါဘူး ။
ညီမ ကြားလိုတာ အစ်မဆီက ဝင်လာမဲ့ ဖုန်းကောလ်လေးတစ်ခုကိုပါဘဲ ။
🌊...
အစ်မကို လွမ်းတယ် ဆိုတဲ့ စာလုံးတွေဘေး ထိုင်နေခဲ့တဲ့ Tzuyuရဲ့ ညာဘက်လက်ညိုးမှာ သဲစတွေ ကပ်လို့နေခဲ့သည် ။
လေတိုက်နေလို့ လွင့်နေကြတဲ့ အထဲ Tzuyuရဲ့ ဆံနွယ်တွေရော အင်္ကျီတွေရော ဖိနပ်ကြိုးတွေရောပါတယ် ။
ညာဘက်ထောင့်မှာ ညှပ်ထားခဲ့တဲ့ ကလစ်လေးကတော့ Tzuyuနဲ့အတူ ပင်လယ်ပြင်ကို ကြည့်လို့ပေါ့ ။
နေဝန်းနီနီအောက်က သောင်ပြင်မှာ ညီမ အလွမ်းတွေပျိုးထားတယ် ။
နောက်တစ်ခါ အစ်မ လာလှည့်ကြ ကောက်လို့ယူလှည့်ပေါ့ ။
🌊...
သင်္ဘောဆိပ်က တံတားတစ်စင်းပေါ် မျက်နှာချင်းဆိုင်ရပ်လို့ တိတ်ဆိတ်နေခဲ့ကြတဲ့ အချိန်ဟာ အတိအကျဆို လေးဆယ့်ငါးမိနစ် ။
အစ်မလက်ထဲ ကိုင်ထားတဲ့ ထီးကို အစ်မလက်လေး အသာကိုင်လို့ လက်ပြောင်းယူလိုက်ပြီး အစ်မလက်ကို အသာဘေးတစ်ဖက်သို့ ချပေးလိုက်မိသည် ။
" ညီမ ကိုင်ပေးမယ် .. ဘာစကားမှမပြောဘဲ အခုလိုရပ်နေတာက ကြာအုံးမှာမလား "
" အရင်က ဒီတံတားထိ မင်းမလာဘူးနော် "
" ဟုတ်တယ် .. အခုလာကြည့်တာ .. အစ်မနဲ့ ခြေလှမ်းတွေ နဲနဲလေးနီးလိုငြှားလေ "
" အရင်က ဝေးခဲ့လို့လား "
" ဝေးခဲ့တာမဟုတ်ဘဲ ညီမဘက်က မနီးရဲခဲ့တာပါ "
" တို့ တောင်းပန်ပါတယ် "
" ဘာအတွက်လဲ "
စက္ကန့်ပိုင်းလောက် ကိုယ့်ကိုကြည့်ပြီး နှုတ်ဆိတ်နေခဲ့တဲ့ အစ်မက ဘေးတစ်ဖက်ကို မျက်နှာလွှဲလို့ သက်ပြင်းတိုတစ်ခုကို ဖြည်းဖြည်းသာသာဘဲ ချလိုက်လေသည် ။
YOU ARE READING
WHITE SWEATER I