" ဘာပါလိမ့် ?? "
" ဘာတွေ တစ်ယောက်ထဲ ရွတ်နေတာလဲ ? "
" ဘားမှမဟုတ်ပါဘူး "
အမေနဲ့အတူ မနက်စာချက်ဖို့ ကြက်သွန်မိတ်တွေ ကူလှီးပေးနေရာက ပါးစပ်က လွတ်ခနဲ ထွက်သွားမိပြန်တဲ့ အတွေးစ အချို့တွေ ။
အစ်မ ဆိုတဲ့ နာမ်စားရဲ့ နေရာမှာ တစ်နည်း ညီမရဲ့ အတွးအစ အချို့လေးတွေ လို့တောင် ပြောင်ရမလိုဖြစ်နေပြီ ။
အစ်မကလေ ညီမကို တွေးရအောင် သိပ်လုပ်နိုင်တာဘဲ ။
🌊...
ဟားးးး ။
တွေးမရလို့ ချမိပြန်တဲ့ သက်ပြင်းဟာ ဒီနေ့ထဲ ၂၇ခေါက်ရှိပြီ ။
ဒီနေ့တစ်ရက်ထဲတင် ဒီကိုလာဖြစ်တာလဲ ၂၇ခေါက်ရှိခဲ့ပြီ ။
ဇင်ယော်တွေပျံနေတာကြည့်ပြီး သင်္ဘောဆိပ်ကမ်းအပေါ်နားက ကုန်းမြင့်တစ်ခုမှာ Tzuyuထိုင်နေမိခဲ့သည် ။
နေဝန်းနီနီဘေး ချိတ်ဆွဲလာတဲ့ လမင်းကွေးကွေးဟာ သူမကို အိမ်ပြန်ဖို့ သတိပေးလာနေလေပြီဖြစ်သည် ။
🌊...
အိမ်ပြန် ခြေလှမ်းတွေက တရွေ့ရွေ့နဲ့ ကမ္ဘာမြေရဲ့ ည အကူးအပြောင်းကို Tzuyuဟာ သူမ ခြေလှမ်းတွေထဲ ထည့်ခေါ်လာခဲ့လေသလား ။
တဖြည်းဖြည်း မှောင်ကျလာတဲ့ အလင်းရောင်က Tzuyuခြေလှမ်းတွေနဲ့ထပ်တူလိုက်ပြီး ပြောင်းလဲလို့လာခဲ့လေသည် ။
🌊...
" ပြန်ရောက်ပါပြီ "
အိပ်ခန်းထဲဘဲ တမ်းဝင်လာခဲ့မိတဲ့ ခြေလှမ်းတွေရဲ့အရှေ့မှာလဲ အဖြေမပေါ်သေးတဲ့ အတွေးစတွေက ကိုယ့်ကို စောင့်ကြိုလို့နေအုံးမှာ အသေအချာပါဘဲ ။
🌊...
မျက်ဝန်းတွေမှိတ်လို့ ခန္ဓာကို အနားပေးတော့ စိတ်တွေက အစ်မဆီဘဲ လွင့်ပျယ်လို့နေသည် ။
ညဟာ အတော်လေး နက်လာပြီဆိုပေမဲ့ သိပ်မရတဲ့ စိတ်တွေကတော့ အခုထိ အိပ်မပျော်နိုင်သေးပါ ။
ဒီလိုနဲ့ လင်းခဲ့ရပြန်တဲ့ မနက်တွေမှာလည်း စိတ်တွေဟာ လန်းဆန်းနေဆဲ အိပ်မပျော်နေမြဲပါဘဲ ။
YOU ARE READING
WHITE SWEATER I