" ဒီမှာ .. မင်း သဘောကျရဲ့လား .. တို့ တော့ အလှဆုံးဖြစ်မယ်ထင်တဲ့ဟာလေးတွေ ရွေးခဲ့တာဘဲ "
ကလစ်ကဒ်လေးတွေကို လက်ထဲ ခါရမ်းပြလို့ ပြုံးပြုံးရွှင်ရွှင်ဘဲ စကားဆိုနေတဲ့ အစ်မက ဒီနေ့က ခရစ္စမတ်နေ့ဆိုတာ မေ့နေပုံထောက်သည် ။
တစ်လမှာ ၂၅ရက်နေ့ တစ်ရက်ဘဲ ဒီကိုလာယူလို့ရတဲ့ စာတွေကြောင့် အစ်မနဲ့အတူ ခရစ္စမတ်လည်း ဖြတ်သန်းနိုင်ခဲ့တာဘဲတဲ့လား ။
ဘယ်သူက ဘယ်ကပို့မှန်းတော့ မသိပေမဲ့ ဒီနေ့အတွက် ကျေးဇူးတင်တယ် ။
မဟုတ်ဘူး ။
အဲ့စာတွေကြောင့်ဘဲ အစ်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တာမို့ အမြဲ မှတ်မှတ်ရရနဲ့ကို ကျေးဇူးတင်နေပါ့မယ် ။
" ညီမလည်း အစ်မကို လက်ဆောင်ပြန်ပေးစရာရှိတယ် "
စက်ဘီးခြင်းထဲ ထည့်ထားခဲ့တဲ့ မာဖလာလေးကို ထုတ်လို့ အစ်မ လည်ပင်းတွေဆီမှာ ပတ်လို့ပေးမိသည် ။
" နေ့ရက်တွေ အေးလာပြီ အစ်မရဲ့ .. ပင်လယ်ကိုဖြတ်ပြီး သင်္ဘောစီးရတော့ အစ်မ လည်တိုင်တွေ ပင်ပန်းလိမ့်မယ် .. ဒါကြောင့် သူ မဖျားနာရအောင် ညီမက ဒီမာဖလာလေး လက်ဆောင်အဖြစ်ပေးဝာာ .. သေချာလေး လိုက်သုံးပေးနော် "
ကလစ်ကဒ်လေးတွေကိုင်ထားတဲ့ အစ်မလက်ကလေး လေထဲတန့်သွားတာ ကိုယ်မြင်တယ် ။
ဝင်နေတဲ့ ဆံပင်တွေကို မာဖလာအပြင် သေချာ ပြန်ထုတ်လို့ အစ်မကို ကြည့်တော့ အစ်မက ကိုယ့်အား ကြည့်လို့နေလေသည် ။
" ပျော်ရွှင်စရာ ခရစ္စမတ်ပါ အစ်မ "
" အော်! "
အံ့ဩသွားတဲ့ အစ်မ မျက်လုံးလေးတွေ မြင်လား ။
အစ်မရဲ့ မျက်ဝန်းအိမ်ကျယ်ကျယ်တွေထဲ ကိုယ့်ပုံရိပ်တွေက နေရာအပြည့်နဲ့လေ ။
" မေ့နေတယ် မဟုတ်လား "
" တို့ မေ့နေတာ "
" ဒီနေ့က စာတိုက်ပိတ်ရက်ဆိုတာရော ထပ်ပြီး မေ့နေပြန်တယ်မလား "
" ! ဟုတ်သားဘဲ "
" ပြက္ခဒိန်ရော ကြည့်ရဲ့လား အစ်မ "
YOU ARE READING
WHITE SWEATER I