Chapter 11

5.7K 838 18
                                    

နောက်တစ်နေ့မနက်တွင်တော့ စုန့်ချင်းဟန်နှင့် ဝူသာ့ဟူတို့ အတူထကာ တောင်ပေါ်သို့ တက်ခဲ့ကြသည်။

မြူနှင်းများဆိုင်းကာ တိမ်ထူနေသည့်တောင်တန်းကြီးကြောင့် ကြောက်စရာလှသည့် အအေးဓာတ်အား ခံစားရစေသည်။

သူတို့ မြောက်ဥတူးခဲ့ကြသည့် နေရာများသည် ပြောင်ရှင်းကာကတုံးဖြစ်နေခဲ့သည်။သို့သော်လည်း ဝူသာ့ဟူမှာ အတော်ဉာဏ်ကောင်းသည့်အတွက် အကုန်လုံးအား မတူးထုတ်ခဲ့ပေ။နောက်နှစ် ထပ်တူးဖို့ရန်အတွက် မြေအောက်တွင် နည်းနည်းချန်ထားပေးခဲ့သည်။

ပြောင်ရှင်းနေသည့်အတွက်ကြောင့် တောင်ဆင်းမှ အပင်တစ်ချို့အား သူတို့ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

စုန့်ချင်းဟန် အစပ်နားတွင်ရပ်ကာ ရုတ်တရက်အော်ပြောလိုက်သည်။
"သာ့ဟူ ကျနော့အတွက် အဲ့အသီးကောက်ပေးပါဦး "

စုန့်ချင်းဟန်အတွက် တောင်ဆင်းအတိုင်း သွားဖို့ရန်မှာ မလွယ်ကူသည့်အလုပ် ဖြစ်သောကြောင့် ဝူသာ့ဟူကိုသာ ခိုင်းခဲ့သည်။ဝူသာ့ဟူမှာ အလိုလိုက်အကြိုက်ဆောင်စွာပင် ထိုဝါရွှင်ရွှင် အသီးအားသွားကောက်ကာ စုန့်ချင်းဟန်အားပေးသည်။

စုန့်ချင်းဟန်၏ ပုံစံအားငေးရင်း သူသတိမပေးပဲ မနေနိုင်ခဲ့။
"ကိုယ်တို့က အဲ့ဒါကို မရဏချိုသာ လို့ခေါ်တာ။စားလို့ရပါတယ် ဒါပေမယ့် သူ့အသားကို မြည်းကြည့်လိုက်တဲ့ခါကျရင် လျှာကအကြောတွေ ခဏလောက် ထုံသေ သွားရော။အဲ့ဒါကြောင့် အဲ့လိုခေါ်တာ။ကိုယ်ကတော့ တအားဆာနေတယ်ဆိုတောင်မှ မစားသင့်ဘူးလို့ထင်တယ်။ဒါပေမယ့် ဘယ်သူ့ကိုမှ ဘေးဖြစ်စေတာမျိုးကြီးတော့ မဟုတ်ပါဘူး"

သို့သော် စုန့်ချင်းဟန်မှာ ဝူသာ့ဟူ ရှင်းပြပြီးသည်ထိ မစောင့် ၊ အသီးအားခွဲကာ တစ်ပိုင်းအား လျှက်ကြည့်လိုက်သည်။

ဝူသာ့ဟူမြင်သော် အသီးအားဆုပ်ကိုင်လိုက်ကာ သူ့နှုတ်ခမ်းအား စိတ်လှုပ်ရှားစွာကြည့်လာသည်။
" မင်း အဆင်ပြေလား? လျှာရောဘယ်လိုနေနေသေးလဲ? ကိုယ်စစ်ကြည့်ပါရစေဦး! "

စုန့်ချင်းဟန် လျှာထုတ်ပြရင်း စလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ကျနော် တစ်ကိုက်စာလေးကိုလျှက်ကြည့်ရုံတင်လေး "

A Western Doctor's Happy Farming Life 1[Myanmar Translation]Where stories live. Discover now