Chapter 62

3.4K 517 46
                                    

ရင်းလောင်ဆန်းအကြောင်း ဆွေးနွေးကြပြီးသည့်နောက် နှစ်ယောက်လုံး တိတ်တဆိတ်သာ လှည်းစီးကြတော့သည်။မြို့နားသို့ရောက်သည်ထိ တိတ်ဆိတ်နေကြပြီးနောက် ဝူသာ့ဟူဘက်မှ စ၍  သူ ပန်းပဲဆိုင်တွင်  လေးမြှားသွားယူရဦးမည်ဖြစ်ကြောင်း လိုင်ဖူအား ပြောပြလိုက်၏။လိုင်ဖူနှင့် နေရာသတ်မှတ်ပြီးသည့်နောက် ဝူသာ့ဟူ ပန်းပဲဆိုင်သို့သာ တန်းတန်းမတ်မတ် လျှောက်လာလိုက်တော့သည်။

ဝူသာ့ဟူ ပန်းပဲဆိုင်တွင် လေးမြှားယူ၍ ထို့အရာအား လက်ကောက်ဝတ်တွင် တပ်ဆင်လိုက်သည်။လေး မှာ ဝူသာ့ဟူ အင်္ကျီလက်နှင့် ဖုံးထားသ၍ မမြင်ရလောက်အောင်ကိုပင် သေးငယ်လှ၏။သူ့အတွက်တော့ အတော်ကိုပြည့်စုံလှသည့် လက်နက်ပင်။

ပန်းပဲဆရာသည် ဝူသာ့ဟူအား နေရာတစ်နေရာသို့ ညွှန်ပြလိုက်သည်။ဝူသာ့ဟူ သရုပ်ပြမည်ကို အမှန်တကယ်ကြည့်ချင်သည့်အလားပင်။

ဝူသာ့ဟူ လက်မြှောက်၍ လုံးဝကို မချိန်ပဲ ခလုပ်အား နှိပ်လိုက်လေ၏။

"ရွှစ်" ဟူသည့် အသံနှင့်အတူ လေးထဲတပ်ဆင်ထားသည့် မြှား ရုတ်တရက် ပေါ်ထွက်လာကာ ပန်းပဲဆရာ ညွှန်ပြလိုက်သည့် နေရာသို့ ထိုးစိုက်စေလိုက်သည်။

အံ့အားသင့်စွာနှင့် ပန်းပဲဆရာသည် မြှားနားချဉ်းကပ်သွားပြီးနောက် ဝူသာ့ဟူအတွက် ပြန်နုတ်ယူလာပေး၍ ချီးမွမ်းလိုက်၏။
"သာ့ဟူ မင်းရဲ့ကိုယ်ခံပညာကတကယ့်ကို ကောင်းတယ်လို့ ငါထင်တယ်။ငါပြောလိုက်ချင်တယ် မင်းသာ အထက်တန်းမျိုးနွယ်မှာ မွေးလာလို့ကတော့ စစ်သူကြီးတောင်ဖြစ်နိုင်လောက်တယ်"

ဝူသာ့ဟူ ပြုံးရင်း ခေါင်းခါလိုက်သည်။မြှားတံအား လေးအတွင်း ပြန်လည်တပ်ဆင် လိုက်ပြီးနောက် အနည်းငယ်မျှ မျက်မှောင်ကြုံ့ရင်း ဆိုလိုက်၏။
"အနာဂတ်မှာ ကျုပ်မဖြစ်နိုင်ဘူးဆိုပြီး ခင်ဗျားဘယ်လိုသိလဲ?"

ပန်းပဲဆရာ၏ အဖြေကို ပြန်မစောင့်တော့ပဲ ဝူသာ့ဟူ နံရံထောင့်အား ဝေ့ပတ်ကြည့်လိုက်ရာ ဟုရှင်းမှန်ချပ်များအား စီထားသည်ကို တွေ့လိုက်ရ၏။သူ လျှောက်သွားကာ မှန်ချပ်တစ်ချပ်အား ကောက်ယူ၍ သူ့ရင်ဘတ်တွင်းသို့ ထည့်လိုက်လေသည်။ထို့နောက် စားပွဲသို့ပြန်လာ၍ ငွေ ပြားတစ်ချို့လောက် ချထားပေးကာ ပန်းပဲဆရာအား လက်ယမ်းပြပြီး သပ်ရပ်ကျန ခန့်ခန့်ညားညား ပင်ထွက်ခွာသွားတော့သည်။

A Western Doctor's Happy Farming Life 1[Myanmar Translation]Where stories live. Discover now