Chapter 77

2.3K 306 33
                                    

အိမ်ပြန်လမ်းတွင် စုန့်ချင်းဟန်နှင့် ဝူသာ့ဟူ တို့သည် အဖိုးချင်၊လိုင်ဖူ၊ချန်ပေါင်ဇီနှင့် အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ထိုမိတ်ဆွေသူငယ်ချင်းများကလည်း သူတို့အား ဆုမွန်ကောင်များ တောင်းပေးကြ၏။

သူတို့အိမ်ပြန်ရောက်ကြသည့်အခါ ရွှေ့ပြောင်းရန်အတွက် လိုအပ်သည့် အရာများအားလုံး ထုပ်ပိုးကြသည်။ လော်ဟန့်နွယ်ပင်အချို့အား ဖြတ်တောက်ပြီးနောက် ငရုတ်ကောင်း၊ဇီယာ၊နာနတ်ပွင့် စသည်တို့အားစုဆောင်းကြသည်။ပြောင်းရွှေ့သည်က အလောတကြီးဖြစ်သည့် အတွက် နယ်မြို့တော်တွင် ထိုအပင်များအား သွားရောက် မရှာ‌ဖွေနိုင်ပါချေ။

အရာအားလုံး ထုတ်ပိုးပြီသော် ဝူသာ့ဟူတစ်ယောက်တည်း မြို့ထဲသွားကာ သူနှင့် လက်တွဲခဲ့ကြသည့် အသားသည်များအား သူတို့ထွက်သွားတော့မည့် အကြောင်း ပြောရင်း ထိုသူများအတွက် နောက်ဆုံးကျန်သည့် ဟင်းခတ် အမွှေးအကြိုင်များလည်း ယူသွားခဲ့သည်။

အသားသည်များအားလုံးသည် မယုံတစ်ဝက် ယုံတစ်ဝက်နှင့်ဆိုသော်ငြား ဟင်းခတ်အမွှေးအကြိုင်ကိုတော့ ပျာတိပျာယာပင် ဝယ်ယူရန် စိတ်ဝင်စားကြပါ၏။မည်သို့ဆိုဆို ဟင်းခတ်အမွှေးအကြိုင်များ သိုလှောင်ထားခြင်းသည်လည်း ဆိုးသည်မဟုတ်။ပိုတောင် ကောင်းသေးသည် မဟုတ်ပါလား။

ထို့နောက် ဝူသာ့ဟူသည် ဟွေချွိမ်းဆိုင်သို့ တန်းသွားလိုက်သည်။ဝူသာ့ဟူလည်း ဆိုင်သို့အရောက် သမားတော်လော့ လည်း ဆိုင်မှထွက်လာကာလူနာရှင်မေးမြန်းချည်ရန် အဆင်သင့်ပင်။ဝူသာ့ဟူသည် မြန်မြန်ပြေးသွားကာ သမားတော်လော့အား လော်ဟန်သီး ရှာတွေ့ခဲ့သည့်နေရာအား ညွှန်ပြလိုက်သည်။ထို့နောက် သူတို့ ထွက်သွားတော့မည့် အကြောင်းလည်း ပြောပြလိုက်၏။

သမားတော်လော့ သည် လော်ဟန့်သီးတို့၏ နေရာအမှန်အား သိရှိပြီးနောက် နှိုင်းနှိုင်းချင့်ချင့်သုံးရန် စိတ်ထဲတွေးလိုက်သည်။လော်ဟန့်သီးများက ထို ဟင်းခတ်အမွှေးအကြိုင်များနှင့် အတော် ပင်ကွာခြားသည့် အပြင် ဆေးကုသရာတွင်သုံးသည် မဟုတ်ပါလား။တစ်ချိန်တည်းမှာပင် သမားတော်လော့က သူတို့၏အပြုအမူအပေါ် အလွန်ပင် ချီးကျူးလာ၏။သူတို့ဒီတိုင်း ထွက်သွားခြင်းကြောင့် ထိုအသီးများလုံးဝပြတ်လတ်သွားခဲ့လျှင် သမားတော်လော့ က မည်သို့မျှ အပြစ်ပြောမည် မဟုတ်သော်ငြား သူတို့ကတော့ အပြစ်ရှိစိတ် ခံစားရလိမ့်မည်။

A Western Doctor's Happy Farming Life 1[Myanmar Translation]Donde viven las historias. Descúbrelo ahora