Chapter 69

2.8K 475 22
                                    

ဝူသယ်ချိုင် *ညော်နံ့ရလိုက်၏။ထို့နောက် လှည်းအိမ်သို့ပြန်ပြေးကာ *နှာခေါင်းမဲကြီးနှင့် ဓားပြခေါင်းဆောင်အား ဖားယားလေတော့သည်။
"ခေါင်းဆောင် ကျနော်က ခေါင်းဆောင်နဲ့ တစ်ဖက်တည်းပါ!ခေါင်းဆောင်ရဲ့ ခင်ပွန်းလေးနဲ့လည်း တစ်ဖွဲ့တည်းဖြစ်ပြီး ခရီးစဉ်‌တစ်လျှောက်လုံး အတော်များများ ကာကွယ်ပေးခဲ့တာ....."

[*ညော်နံ့ရတယ်ဆိုတာ ချက်ချင်းပြဿနာ တစ်ခုခုဖြစ်နေကြောင်း သိနေတယ်လို့ ဆိုလိုတာပါ]

[*နှာခေါင်းမဲကြီးဆိုတာက ညော်နံ့ရတယ်လို့ idiom သုံးထားတာနဲ့လိုဖက်အောင် ရေးဖွဲ့ထားတဲ့သဘောပါ။အမှန်တကယ်ကြီး နှာခေါင်းမဲနေတာမဟုတ်ပါဘူး။သောက်ရမ်းကို အနံ့ခံကောင်းလွန်းတယ်ဆိုတဲ့ သဘောနဲ့ လိုက်ဖက်အောင်ရေးထားခြင်းဖြစ်ပါတယ်။]

ထို့နောက် စကားများ တောင်မဆုံးသေး ရင်းလောင်ဆန်းအား သူ့ဘက်သွားဆွဲလေ၏။

စူးရွားစွာ အော်ဟစ်ပစ်လိုက်ရင်း ရင်းလောင်ဆန်းမှာ နောက်တစ်ဖန် ထိုစောက်ကျင့်ယုတ်ကောင်၏ အနိုင်ကျင့်ခံရပြီဟု ထင်လိုက်မိသည်။သို့သော်လည်း သူ့မှာ လေထဲ ကိုင်ဆွဲခံရပြီးနောက် ရုတ်တရက် နွေးထွေးသည့် ပွေ့ဖက်မှုထဲ ကျဆင်း‌သွားတော့သည်။

တစ်ဖက်တွင်တော့ ဝူသာ့ဟူတစ်ယောက် ဝူသယ်ချိုင် အပိုင်းပိုင်းပြတ်သွားသည်ကို မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရကား ရုတ်တရက် တစ်ကိုယ်လုံးရှိ သွေးများ တောင့်ခဲသွားတော့သည်။

ရင်းလောင်ဆန်းကတော့ ထိုကြောက်စရာကောင်းလှသည့် ဝူသယ်ချိုင်၏ အပြစ်ပေးခံရပုံအား သတိမပြုပါပဲ သူ့အာရုံအလုံးစုံအား သူတွေ့ချင်လွန်းသည့် ချစ်ရသူထံသာ ပုံအပ်ထားလေ၏။နွေးထွေးလွန်းသည်ရင်ခွင်သည် အမှန်တကယ်အစစ်ဖြစ်နေမှန်း သဘောပေါက်သွားသည့်အခါ မျက်လုံးထောင့်များ နီရဲလာရင်း ကြူကြူပါအောင်ငိုတော့သည်။
"ဘာလို့ အခုမှရောက်လာရတာလဲ?"

ဓားပြခေါင်းဆောင်သည် နူးညံ့စွာပြုံးလိုက်ပြီးနောက် ရင်းလောင်ဆန်း၏ ဆံပင်များအား လက်ဖဝါးနှင့် ပွတ်သပ်ပေးပြီး မျက်ရည်စများလည်း သုတ်ပေးရင်း ညင်သာစွာဆို၏။
"မင်းကသာ ကိုယ့်ကို အရင်ထားသွားတဲ့သူ မဟုတ်ဘူးလား? မင်းဘယ်လောက်တောင် စွမ်းအားကြီးလဲ သိရဲ့လား? မင်းသာကိုယ့်ကို ရှာမတွေ့စေချင်ရင် တစ်ကမ္ဘာလုံး မြေလှန်ရှာရင်တောင် မင့်ရဲ့အရိပ်အယောင်လေးကို ကိုယ်ဖမ်းမိနိုင်မှာမဟုတ်ဘူး"

A Western Doctor's Happy Farming Life 1[Myanmar Translation]Where stories live. Discover now