Chapter 74

4.6K 552 39
                                    

အနာက်တိုင်းဆေးပညာရပ်နှင့် ဘွဲယူခဲ့သည့် စုန့်ချင်းဟန်မှာ အရေးပေါ်အခြေအနေ၌ စနစ်တကျ အသက်ရှူခြင်း နည်းလမ်း၏ အရေးပါ အ‌ရာရောက်မှုအား သေချာပေါက်သိသည်။ထို့ကြောင့်လည်း လက်သည်၏စကားအား လုံးဝနားထောင်လေ၏။သူရှူထုတ်လိုက်သည့်အခါ လက်သည်က ခပ်ပြင်းပြင်းဖိလိုက်၍ ရှူသွင်းသည့်အခါ လက်အားပြန်ဖွပေးသည်။

ပြောင်းလဲမှုမှာ မသိသာလှသော်ငြား စုန့်ချင်းဟန်ကတော့ တစ်ကိုယ်လုံး တည်ငြိမ်နေသည့် အခြေအနေရောက်လာမှန်း ရှင်းရှင်းလင်းလင်း ခံစားမိ၏။အသက်ရှူနှုန်း စည်းဝါးကိုက် ချောမွေ့လာသည်နှင့်အမျှ ဗိုက်မှနာကျင်မှုသည်လည်း လျော့ပါးသက်သာလာခဲ့သည်။

ဗိုက်ပေါ်မှ အဟရာသည်လည်း ဆက်လက်ကွဲဆဲ သို့သော်ငြား နှုန်းထားကတော့ နှေးလာလျက် တဖြည်းဖြည်းနှင့် ရပ်သွားသကဲ့သို့ပင်။

ရုတ်တရက် လက်သည် ထအော်လိုက်လေ၏။
"ဟုတ်ပြီ! အခု အားစိုက်ပြီး တတ်နိုင်သမျှ ညစ်ကြည့်!"

စုန့်ချင်းဟန်မှာ လက်သည်၏ ထကြုံးဝါးမှုကြောင့် လန့်သွားရသည်။ကြိုးစားမွေးထားရသည့် အားမှာလည်း တစ်ချက်တည်း ပျောက်ပျက်သွားလေ၏။သို့ဖြစ်ရာ သူ့မှာ အစမှ ပြန်၍ အသက်ရှူနှုန်း ပြန်ညှိကာ ရှိရှိသမျှ အားအကုန်လုံး ဗိုက်သို့ ပို့ရပြန်သည်။

လက်သည်မှာ လောလောဆယ်တော့ ဘာစောက်သုံးမှ မဝင်ပေ။စုန့်ချင်းဟန် အရှိန်ရ၍ ရုတ်တရက် အားမြှင့်နိုင်တော့မည်ဆိုလျှင် လက်သည်၏ထထအော်သံကြောင့် သူ့မှာ စိတ်အနှောက်အယှက်ဖြစ်ကာ အခါခါ အရာမထင် ဖြစ်ရသည်။

သို့သော် လက်သည်ကတော့ သူ့အမှားအား သတိပြုမိပုံမပေါ်ပဲ ဆက်လက်၍ အဆောတလျင် တိုက်တွန်းနေကာ အော်နေလေ၏။
"အားပိုစိုက်!မသန်မစွမ်းဖြစ်နေလို့လား?ဒါလေးတောင် မလုပ်နိုင်ဘူးလား?မြန်မြန်!"

ထိုသို့ကြားသော် စုန့်ချင်းဟန်မှာ နောက်ဆုံးတော့ ဒေါသပေါက်ကွဲကာ ရုတ်တရက် ဒေါသထွက်နေသည့် မျက်နှာနှင့် ပြန်ပြောပစ်တော့သည်။
"ပိတ်ထားစမ်း , မင်း! နောက်ထပ် စောက်သုံးမဝင်တာတွေ ထပ်အော်ရဲရင် ငါမင့်ကို သတ်ပစ်မယ်!"

A Western Doctor's Happy Farming Life 1[Myanmar Translation]Where stories live. Discover now