𝙳𝙻𝚈𝙴 - 𝟷𝟹

3.6K 707 59
                                    

အခန်း (၉) - တော်ဝင်အမိန့်စာ - ၁

ဇူလိူင်လ (၇)ရက်နေ့၊ ချီချောင်ပွဲတော်

တော်ဝင်သရေစာဆောင်၌ ပျားပန်းခပ်မျှအလုပ်ရှုပ်နေကြ၏။ ဧကရီအားဆက်သရန်အတွက် သရေစာမုန့်များကို ပြုလုပ်နေရသည်သာမက ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ဧကရီနန်းဆောင်မှ အခြားနန်းဆောင်များဆီသို့ လက်ဆောင်ပေးရန်အတွက်လည်း ချောင်ကော်မုန့်များကိုလည်း အမြောက်အများ ပြုလုပ်နေရသေးသည်။

(T/N: 巧果 qiao guo - ဆီကြော်မုန့်တစ်မျိုးပါ။)

ချောင်ကော်မုန့်ကို ပြုလုပ်ဖို့အတွက်ဆို ပထမဆုံး သကြားဖြူကို အိုးထဲထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ ပြုလုပ်ရသည်။ နောက်ပြီး ဂျုံရယ်၊ နှမ်းရယ်နဲ့ ရောပေးကာ သေချာနှံ့အောင်နယ်ပြီးနောက်မှာ မျက်နှာပြင်အပြားတစ်ခုပေါ်ကို အအေးခံဖို့ ဖြန့်ခင်းထားရသည်။ အေးသွားပြီးလျှ...

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

ချောင်ကော်မုန့်ကို ပြုလုပ်ဖို့အတွက်ဆို ပထမဆုံး သကြားဖြူကို အိုးထဲထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ ပြုလုပ်ရသည်။ နောက်ပြီး ဂျုံရယ်၊ နှမ်းရယ်နဲ့ ရောပေးကာ သေချာနှံ့အောင်နယ်ပြီးနောက်မှာ မျက်နှာပြင်အပြားတစ်ခုပေါ်ကို အအေးခံဖို့ ဖြန့်ခင်းထားရသည်။ အေးသွားပြီးလျှင် လေးထောင့်ပုံသဏ္ဌာန်အတုံးလေးတွေရအောင် လှီးဖြတ်ကာ လိပ်လိုက်ပြီး အလိမ်လေးတွေဖြစ်အောင် ပုံဖော်ပေးရသည်။ ပြီးနောက် ရွှေရောင်သမ်းလာသည်ထိ ‌ကြော်ပေးရသည်။ လုပ်ရသည်မှာ မခက်ခဲပေမယ့် အရေအတွက်မှာများပြားလွန်းသည့်အတွက်ကြောင့် လင်းကျားပေါင်တို့ တစ်သိုက်မှာ မိုးလင်းကတည်းကပင် အလုပ်များနေကြရသည်။ (T/N: ဒါကို ဘာသာပြန်ပြီးရင် Pastries ပဲရောင်းစားတော့မယ်။)

"အန်းကျူ၊ အခုလုပ်နေတာကို ရပ်ထားခဲ့လိုက်တော့၊ မော့မော့နဲ့လိုက်ခဲ့၊ ဒီငှက်သိုက်ကိတ်ကို ဧကရီဆီသွားဆက်သရအောင်" လင်းမော့မော့က အန်းကျူကို မုန့်သေတ္တာအား ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့၊ လာပါပြီ မော့မော့" လင်းကျားပေါင်က သူ့လက်ထဲမှ အရာများကို ချထားလိုက်ပြီး လက်သွားဆေးလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေးOù les histoires vivent. Découvrez maintenant