Trick 1

9K 622 23
                                    

Unicode

လေးငယ်နဲ့ reader လေးတွေ ယုံကြည်ရာအတူလျှောက်လှမ်းခဲ့တဲ့ fic လေးပါ။ အားလုံးဖတ်လို့ရအောင် wp မှာ ပြန်တင်ပေးလိုက်ပါတယ်ရှင်။ 

-----------------

"baby လေးက သိပ်လှတာပဲကွာ။ မင်းနဲ့ ထိတွေ့ရဖို့ ကိုယ်မစောင့်နိုင်တော့ဘူး."

ရိပေါ်သည် လူကို စားမတတ် ဝါးမတတ်ကြည့်ရင်း ခုန်အုပ်လာတဲ့လူရဲ့အန္တရာယ်ကနေ မနည်းရှောင်တိမ်းလိုက်ရသည်။

အဖြူရောင်ပါးပါးပျော့ပျော့အင်္ကျီလက်ရှည်ကို အဖြူရောင်အသားပျော့ ဘောင်းဘီရှည်ပွပွထဲ ထည့်ဝတ်ထားလေရာ နို့နှစ်ရောင်ဖြူဝင်းအိနေတဲ့ ကောင်လေးသည် အဖြူရောင်ဖဲမွေ့ယာနဲ့ရောနေလေသည်။

အဖြူရောင်ဘောင်းဘီရှည်ပွပွရဲ့ ဘေးနှစ်ဖက်ကလည်း ပေါင်လယ်အထိ ခွဲထားလေရာ ရိပေါ်က ခြေထောက်တွေကို လှုပ်ရှားလိုက်တော့ သွေးကြောစိမ်းတွေယှက်ဖြာလို့ ဝင်းဖန့်ချောမွေ့နေတဲ့ ပေါင်သားလေးတွေ၊ ခြေသလုံးသားလေးတွေက ပေါ်လှစ်သွားတော့သည်။

ဒီမြင်ကွင်းကိုစိုက်ကြည့်ရင်း ဂျက်ဖာဆန်သည် ကြိတ်မနိုင်ခဲမရ တံတွေးမျိုချနေရသည်။ ထိုအဖြူရောင်ကောင်လေးကို တစ်ကိုယ်လုံး နေရာလပ်မကျန် ရဲစွေးသွားအောင် လုပ်ပစ်လိုက်ချင်တဲ့စိတ်တွေကို ထိန်းမရတော့တာကြောင့် ညာဖက်ခြေထောက်လေးကို လှမ်းဆွဲပစ်လိုက်သည်။

ရိပေါ်က ရီဝေဝေမျက်လုံးလေးတွေဖြင့် နှုတ်ခမ်းလေးအသာကိုက်လို့ ခြေချောင်းလေးတွေဖြင့် ဂျက်ဖာဆန်ရဲ့ ပါးပြင်နဲ့ လည်ပင်းကို ပွတ်သပ်ကလူလိုက်သည်။ ဂျက်ဖာဆန်က သူ့ခြေမကို ပါးစပ်ထဲထည့်ငုံပြီး ခြေဖဝါး ခြေဖမိုးတွေကို လျှာကြီးနဲ့လျက်ပစ်နေသည်။

ရိပေါ်မှာ အော်ဂလီဆန်ပြီး အန်ပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"ဝမ်ရိပေါ်... ဘဲကြီးကို မင်း ထိန်းနိုင်ပါ့မလား."

ရမ္မက်ဝေနေတဲ့မျက်နှာကြီးက အဆီတပြောင်ပြောင်နဲ့ အနီးကပ်ရှိနေတဲ့ ရိပေါ်မပြောနဲ့ video camera ကနေမြင်နေရတဲ့ ဖန်ရှင်း တောင် အသေလန့်နေသည်။

Trick (မာယာ) [Completed]Where stories live. Discover now