Trick 3

5.5K 587 18
                                    

Unicode

"ဘယ်လိုလုပ်ရပါ့"

တစ်ယောက်တည်း ခုံမှာထိုင်ရင်း အကြံထုတ်နေရသည်။

"ထွက်လာခဲ့ပါတော့လား ရိပေါ်"

ကျင်းရီကစိတ်ပူနေသည်။

"ဒီအချိန်မှထွက်လာလည်း အပြင်မှာသူ့လူတွေနဲ့။ ပြီးတော့ ငါတို့ ရှောင်းကျန့်အနား နောက်တစ်ကြိမ် ထပ်ကပ်နိုင်ဖို့ဆိုတာ မသေချာဘူးလေ"

ဖန်ရှင်းနဲ့ကျင်းရီကသက်ပြင်းချနေသည်။

"မေ့ဆေးအမှုန့်တွေမပါလာဘူးလားရိပေါ်"

ဖန်ရှင်းပြောမှသတိရပြီး အင်္ကျီအိတ်ထောင်ထဲလက်နှိုက်ကြည့်လိုက်သည်။ တစ်ခါတစ်လေ လိုအပ်ရင်သုံးဖို့ အိတ်ဆောင်ထားတတ်တာလေး ပါလာလို့တော်သေးသည်။

"အေး ပါလာတယ် ဖန်ရှင်း... ရပြီ..."

အင်္ကျီအိတ်ကပ်ထဲက အထုပ်ကလေးကိုဖြည်ပြီး ဝိုင်ခွက်ထဲ ထည့်လိုက်သည်။ အရိုးရှင်းဆုံးနည်းလမ်းက စိတ်အချရဆုံးနဲ့ အောင်မြင်ဖို့အများဆုံးဆိုတာ သူ့အတွေ့အကြုံအရသိထားခဲ့ပြီးသားဖြစ်သည်။ တုန်ရင်နေတဲ့လက်တွေကိုမနည်းထိန်းချုပ်လို့ ဆေးမှုန့်တွေအကုန်ထည့်ပစ်လိုက်သည်။

ရိပေါ်က သူ့အတွက် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး စိတ်ငြိမ်စေရန် တစ်ငုံ ငုံ လိုက်သည်။ မှန်တံခါးကနေမြင်နေရတဲ့ မကာအိုရဲ့ညရှုခင်းကို ငေးကြည့်နေမိသည်။ မိုးမျှော်တိုက်တွေရယ်၊ မီးရောင်စုံထိန်ညီးနေတဲ့ညကို ကြည့်ရင်း ချမ်းသာသူများကျတော့လည်း ကမ္ဘာကြီးကိုတောင် ဝယ်နိုင်နေမလားလို့ တွေးနေမိသည်။

သူတို့မှာတော့ ပိုက်ဆံများများရဖို့ ရင်တထိတ်ထိတ်နဲ့ လှုပ်ရှားကြရသည်။ ဪ... လူချင်းတူပေမယ့် အသက်ရှူပုံခြင်း မတူလေသလား။ အလှမ်းကွာဝေးလွန်းတဲ့အခြေအနေနှစ်ခုကို တမင်မြင်သာအောင် တွေးကြည့်နေမိလေသည်။

"အို."

နောက်ကနေခါးကိုသွယ်ယှက်လာပြီး နားထင်စပ်ကိုဖွဖွလေးထိလာတာကြောင့် ရိပေါ်လန့်ပြီး အာမေဋိတ်သံပါထွက်သွားသည်။ ရေချိုးဆပ်ပြာနံ့သင်းသင်းက နှာခေါင်းထဲတိုးဝင်လာသည်။

Trick (မာယာ) [Completed]Where stories live. Discover now