Trick 5 (Final)

9.7K 649 44
                                    

Unicode

"Bae က ကိုယ့်ကိုသဝန်တိုနေတာလား."

ရိပေါ်မျက်နှာလေးက ရှက်ရဲရဲလေးဖြစ်သွားသည်။ သူသဝန်တိုသလိုဖြစ်သွားတာကို အခုမှ သတိထားမိပြီး ပိုရှက်သွားဟန်ဖြင့် မျက်နှာလွှဲသွားလေသည်။

ရှောင်းကျန့်က လည်တိုင်လေးကို ဖိနမ်းရင်း

"ဟင်... သဝန်တိုတာလား... ဟုတ် လား."

ရိပေါ်ကမဖြေ။ မျက်နှာတစ်ခြမ်းကို ခေါင်းအုံးအောက်မြှုပ်ဝင်မတတ် အတင်းစောင်းငဲ့ထားလေ သည်။ ရှောင်းကျန့်ကလည်း ဇွတ်ဖိနမ်းရင်း

"ကိုယ့်စီးပွားဖက်မိတ်ဆွေတစ်ယောက်ပါ။ သူတို့ကမိသားစုလိုက် ဒီမှာအနားလာယူကြတာလေ။ ဘေးမှာသူ့အမျိုးသားနဲ့သမီးလေးကိုရောမတွေ့ဘူးလား."

ရိပေါ်မှာ ရှက်လွန်းလို့ ကိုယ်ပါပျောက်သွားလိုက်ချင်‌တော့သည်။ ဘယ်လိုတောင် မွှန်ထူပြီးအူတိုခဲ့လို့ ဘေးနားကလူတွေကိုတောင် မမြင်ခဲ့မိတာပါလိမ့်.။ ရိပေါ်က မျက်နှာကိုပြန်တည့်လိုက်ပြီး ရှောင်းကျန့်ကို တွန်းဖယ်ပစ်လိုက်သည်။

ရှောင်းကျန့်က သူ့ကို ပိုဖိချုပ်ထားပြီး

"ဒီညတော့ ကိုယ် Bae ကို ပြန်ခွင့်မပြုဘူး."

"ဘာဆိုင်လို့ မပြန်ရမှာလဲ... အွင့်..."

ရိပေါ်ရဲ့စကားတွေက အဆုံးထိမပြောလိုက်ရတော့ပေ။ သူ့နှုတ်ခမ်းတစ်ခုလုံးက ရှောင်းကျန့်နှုတ်ခမ်း တွေထဲရောက်သွားပြီး ရှောင်းကျန့် က သူ့နှုတ်ခမ်းတွေကို စုပ်ယူစားသုံးနေလေသည်။ မထင်မှတ်ထားသလို မကြုံဖူးတဲ့အတွေ့အထိတွေကြောင့်လည်း ရိပေါ်ရဲ့မျက်လုံးလေးတွေက ပြူးဝိုင်းနေလေသည်။

သူ့နှုတ်ခမ်းတွေကို အတင်းဆွဲငုံထားတာကြောင့် ဘာစကားမှပြောလို့မရသလို အသက်ရှူလည်း ကြပ်လာသည်။ ရင်ဘတ်ကို အတင်းထုရိုက်တော့ ရှောင်းကျန့်က သူ့လက်တွေကို အိပ်ယာထက်မှာ အားနဲ့ ဖိကပ်ထားပြီး နှုတ်ခမ်းတွေကို စုပ်ယူနေရုံတင်မဟုတ်ဘဲ ကိုက်ဖဲ့ပစ်လေသည်။

"အွင်း... အင်း..."

ရိပေါ်ဆီက ဗလုံးဗထွေးအသံတွေသာထွက်လာနိုင်သည်။ ရှောင်းကျန့်က သူ့ကို သေချာစူးစိုက် ကြည့်ရင်း နှုတ်ခမ်းတွေကို ဆွဲစုပ်ထားရာကနေ အသာလွှတ်ပေးလိုက်သည်။

Trick (မာယာ) [Completed]Where stories live. Discover now