Trick 2

5.3K 584 23
                                    

Unicode

ပေကျင်းကိုရောက်လာကြပြီး တရားမဝင်ဖွင့်ထားတဲ့ဘားဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ် လုပ်ခဲ့ကြသည်။ ထိုဆိုင်မှာ စားပွဲထိုးတွေက မျက်နှာဖုံးစွပ်ထားကြရတာကြောင့် လုံခြုံတယ်ဆိုရပေမည်။ ဒါပေမယ့် သူတို့အသက် ၁၆ နှစ်မပြည့်သေးတာကြောင့် ခိုးပြီးလုပ်ရသလိုဖြစ်နေတဲ့အခါ လစာငွေက အနှိမ်ခံရပြန်လေသည်။

မန်ထျန်းမြို့မှ အရက်ဆိုင်ဦးလေးကြီးဆီကနေရလာတဲ့ ပိုက်ဆံတွေနဲ့ ဈေးချိုတဲ့ အခန်းလေးတစ်ခုငှားပြီး နေကြသည်။ ညဖက်ဘားဆိုင်မှာလုပ်ပြီး နေ့ခင်းဖက်ကို သူတို့ငှားနေတဲ့ရပ်ကွက်ထဲက ဂိမ်းဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့သည်။

ထိုဂိမ်းဆိုင်မှာလုပ်ရင်းမှ သူတို့တွေ ကွန်ပြူတာကိုင်တာတွေ၊ IT နည်းပညာတွေနဲ့ နီးစပ်လာခဲ့ကြသည်။ လူငယ်တွေလည်းဖြစ်တဲ့အပြင် စိတ်ဝင်စားမှုလည်းရှိတာကြောင့် အလွယ်တကူလေ့လာတတ်မြောက်ခဲ့ကြလေသည်။ ဖန်ရှင်းက ပိုကျွမ်းကျင်ပြီး သူက သူ့ဖာသာ အွန်လိုင်းကနေ ရှာဖွေပြီး ထပ်မံလေ့လာတတ်သည်။

သူတို့အခြေအနေနဲ့ ပိုက်ဆံများများရဖို့ဆိုတာ သမ္မာအာဇီဝနည်းနဲ့ဘယ်လိုမှမဖြစ်နိုင်မှန်းသိလာတာကြောင့် ဉာဏ်ကိုလွှာသုံးပြီး ငွေရှာရန်ဆုံးဖြတ်ခဲ့ကြသည်။ ဘားဆိုင်ကိုလာတဲ့ သူဌေးတွေထဲကမှ ရိပေါ်ကို စိတ်ဝင်စားနေတဲ့ ချင်သူဌေးကို မာယာသုံးချဉ်းကပ်ပြီး သူ့ဆီကနေ ပိုက်ဆံရအောင်ကြံခဲ့သည်။

ချင်သူဌေးက ရိပေါ်ကို မျက်နှာဖုံးတပ်ထားလို့ မျက်နှာမမြင်ရတာတောင် သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေး၊ ခါးသိမ်သိမ်လေးနဲ့ မက်မွန်သီးလုံးလုံးလေးတွေကိုမြင်ပြီး အသေရရ အရှင်ရရ ဖြစ်နေလေသည်။ ဒီအခြေအနေကိုအသုံးချပြီး သူတို့ ၃ ယောက်က ဒီလိုလူတွေဆီက ငွေရအောင်ချိုင်ခဲ့ကြသည်။

သူတို့တွေနဲ့တွေ့ရတဲ့အခါ ရိပေါ်က သတိအနေအထားနဲ့ သူ့ကိုအထိမခံဘဲ ပိုက်ဆံတွေရလာဖို့ ကြိုးစားရသည်။ ဖန်ရှင်းနဲ့ကျင်းရီက IT နည်းပညာနဲ့ ရိပေါ်ရဲ့နားကပ်၊ ဆွဲကြိုးလိုမျိုးမှာ လျှို့ဝှက်ကင်မရာလေးတပ်ပေးလိုက်ပြီး ရိပေါ်ကို အန္တရာယ်မဖြစ်အောင် သူတို့က စောင့်ရှောက်ပေးသည်။

Trick (မာယာ) [Completed]Where stories live. Discover now