Trick 4

6.4K 610 18
                                    

Unicode

ကော်ဖီမှာထားပြီး လာပို့ရင် ရိပေါ်ကို ပို့ဖြစ်စေအောင် စီစဉ်ဖို့ လင်းချန်ကို ပြောထားသည်။ ဘာမှမကြံစည်လိုက်ရဘဲ ရိပေါ်က ကိုယ်တိုင်လာပို့မည်လို့ လင်းချန်က သတင်းပို့လာတာကြောင့် ရှောင်းကျန့်က ပြုံးမိသွားသည်။

ဒီလိုဆိုတော့ ကောင်လေးလည်း သူ့အပေါ် ခံစားချက်ရှိနေသည်လို့ ယူဆရမည်မဟုတ်လား။ မနေ့က ဂျက်ဖာဆန်ရဲ့စကားကြောင့် သူတော်တော်လေး အောင့်သက်သက်ဖြစ်သွားခဲ့ရသည်။

ကောင်လေးကို မယုံလို့မဟုတ်ဘဲ တမင်အပိုပြောတဲ့ ဂျက်ဖာဆန်ကိုစိတ်တိုရလေသည်။ သူ့ထက်အရင် ဂျက်နဲ့တွေ့ခဲ့တာကို ဒေါသထွက်ရင်း အလိုမကျခြင်းကြောင့် ဖြစ်သွားတဲ့ သူနဲ့ ကောင်လေးနဲ့ အကြည့်ချင်းဆုံခဲ့သည်။

ကောင်လေးရဲ့မျက်လုံးတွေထဲမှာ သူ့ကို တစ်ခုခုဖြေရှင်းပြချင်သလိုဖြစ်နေပုံလေးကို သူမြင်လိုက်ရတာကြောင့် ကျေနပ်သွားခဲ့ရသည်။

"ဥက္ကဌ အထဲမှာ ရှိပါတယ်။ ဝင်သွားလိုက်ပါခင်ဗျာ."

"ဟုတ်ကဲ့."

အပြင်မှာ လင်းယင်နဲ့ကောင်လေးနဲ့ စကားပြောနေသံကြားတာကြောင့် သူ့အကြည့်က တံခါးဆီရောက်သွားသည်။

ဒေါက် ဒေါက်....

ကောင်လေးရဲ့လက်ဆစ်ရဲရဲလေးတွေနဲ့ ခေါက်လိုက်မှာ ဖြစ်တဲ့ တံခါးခေါက်သံနှစ်ချက်ကပင် သူ့ကို ရင်ခုန်စေလေသည်။

"ဝင်ခဲ့."

ရိပေါ်က အခန်းထဲဝင်လိုက်ပြီး တံခါးကို ပြန်စေ့ပိတ်လိုက်သည်။ ရှောင်းကျန့်က ခုတင်ဘေးက ခုံမှာထိုင်ရင်း စီးကရက်တစ်လိပ်ကိုရှိုက်ဖွာနေသည်။ ရိပေါ်ကို ကျောပေးထားပြီး ခန်းဆီးလိုက်ကာ တဝက် ဟ ထားတဲ့ အပြင်ဖက်ကို ငေးကြည့်နေသည်။

ရိပေါ်က အနားကို တိုးလျှောက်သွားလိုက်ပြီး ‌ကော်ဖီဗူးကို ‌ရှေ့ကစားပွဲပေါ်တင်လိုက်သည်။ ရှောင်းကျန့်က သူ့ကိုမကြည့်ပါ။

"ကော်ဖီထဲမှာရော မေ့ဆေးမခတ်ထားဘူးမို့လား."

ရိပေါ်မျက်နှာပျက်သွားသည်။ ဒါပေမယ့် မကြားချင်ယောင်ဆောင်ရင်း

Trick (မာယာ) [Completed]Where stories live. Discover now