She's a Man(?) (Part-1)
Taemin တစ်ယောက် အထုတ်တွေ မနိုင်မနင်း သယ်လာရင်း သူ့ဘဝ ကို သူ ပြန်တွေးကာ သက်ပြင်းချ လိုက်လေသည်..။
အခုလဲ နောက်တစ်ခါ အိမ်ပြောင်းလာရ ပြန်ပြီ..။ သူ့ဘဝ တွင် ပြောင်းခဲ့ရသည့် အ်မ်ပေါင်းမှာ သူ့ အသက် ထက်ပင် များနေပေဦးမည်..။ အရာအားလုံး က သူ့အမေ ကို သူသိပ်ချစ် လွန်းလို့သာ..။ သူ့အမေ သာ မရှိဘူး ဆို ဒီလောက် ထိ သူသီးခံ နေစရာ အကြောင်းမရှိချေ..၊ သူ့ဘဝ ကို သူ အမေတစ်ခု သားတစ်ခု လို့သာ ခံယူထားလေသည်..။ သူ့ရဲ့ ဘယ်တုန်းကမှ အဖေ လို့ မတော်ချင် ခဲ့တဲ့ လူတစ်ယောက် ကြောင့် သူတို့ သားအမိ ဒီလို အဖြစ်မျိုး ခံစား နေရခြင်းသာ..။
'Tae.. သားလေး.. မောနေပြီလား..?´
အထုတ်တွေအား တစ်ယောက်တည်း အိမ်ထဲ သွင်းနေသော သူ့အား သူ့အမေ အနောက်မှ နေ၍ ကြင်ကြင်နာနာ မေးလိုက်လေသည် ။
'Arnyee..Oma.. Gwan chana..´
'Oma တော့ ဖြစ်နိုင်ရင် အိမ်တွေ ထပ်မပြောင်းချင်တော့ဘူး ကွယ်..´
'ဘယ်တတ်နိုင်မလဲ Oma ရယ်.. ကံတရား ပေါ့.. အမှန်ဆို ကျွန်တော် က ကျောင်း စ ဖွင့်ရင် အဆောင်မှာ သွားနေရမှာ.. Oma ကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူး..´
'ဘာ စိတ်မချစရာ အကြောင်း ရှိလဲ..? သားသာ ဆိုးရိမ်ရမှာ.. ဒါနဲ့ သား ကျောင်းတတ်လို့ကော အဆင်ပြေပါ့မလား?? မတော်လို့ သူတို့ ရှာတွေ့ သွားရင်..´
'စိတ်မပူပါနဲ့ .. ကျွန်တော် စီစဉ် ထားပါတယ်...´
သူ သူ့အမေ အား ပြုံးကာ ပြောရင်း နောက်ဆုံး ကျန်သော သေတ္တာ အား သူ့အခန်းထဲ သို့ ထည့်လိုက်လေသည်..။
အခန်းထဲ ဝင်ပြီး တံခါး ပိတ်လိုက်သည် နှင့် သူ့မျက်နှာ ပေါ်မှ စောန က အပြုံးများ ပျောက်ကွယ် သွားလေတော့သည် ။
'ကျွတ်....´
သူ သူ့ဘဝ ကြီးအား စိတ်ပျက်ကာ စုတ်သပ် လိုက်သည်..။ သူတို့ ဒီကို ပြောင်းလာတာ သူ့အဖေ အကြွေးရှင် တွေ သိသွားရင် မလွယ်လှ..။ သူ့အဖေ အကြွေး များ ကြောင့် သူတို့ သားအမိ မှာ အမြဲ ထွက်ပြေး တိမ်းရှောင် နေရသည်..။ သူ့အဖေ အကြွေးများ ကို သူ တစ်သက်လုံး လိုက်မဆပ် နိုင်ပေ..။ ထို့အပြင် သူ ကျောင်းလဲ မပြီးသေး..။ ကျောင်းပြီးရင် အလုပ်ကောင်းကောင်း တစ်ခု မှာ ဝင်လုပ်ပြီး သူ့အမေ ကို ထိုသူတွေ နှင့် အဝေးဆုံးအား ခေါ်ကာ ထွက်သွားလိုက်ချင်တော့သည်..။