She's a man (Part-12)
-Taemin pov-
'Hyung..´
သူ Onew ကို တွေ့သည်နှင့်တစ်ပြိုင်နက် ခုံဆွဲကာ ခပ်မြန်မြန်ဝင်ထိုက်လိုက်လေသည်။
စောနက Jonghyun နဲ့ တိုက်မိ၍ ရင်တုန်ခဲ့တာ မပျောက်သေး..။ ကံကောင်း၍သာ သူ့ကို မမှတ်မိခြင်း ဖြစ်ပေသည်။
ဘာလို့ သူက ဒီကို ပါလာတာလဲ Aishh!
'Taemin ah~ မတွေ့ရတာ ကြာပြီ..´
'Nae~´
သူ Kibum စကားအား အလိုက်သင့်ခေါင်းငြိမ့်ရင်း ပြုံးလိုက်လေသည်။ Kibum ကတော့ သူ့ကို သိပ်သတိထားမိသည့်ပုံ မပေါ်..။
'Nor?! Monhee လား?´
သူ့ဘေးတွင် ထိုင်နေသော အခုမှ သတိထားမိတဲ့ ကောင်မလေး အား သူ လှည့်ကာ မေးလိုက်လေသည်။
'Nae~ Oppa အ..အရင်နဲ့ မတူတော့ဘူးနော်..´
'ဘယ်လို မတူတော့တာလဲ?´
သူအား အထစ် အထစ်နှင့်ပြောနေသော ကောင်မလေး အားသူနောက်တစ်ခါ မေးလိုက်လေသည်။
'ပိုချောလာတယ်..ဟီးး.. ´
'Yahh! Kim Monhee!!´
Kibum အော်သံနှင့်အတူ သူတစ်ချက် ပြုံးလိုက်လေသည်။
အမှန်ဆို သူ ယောကျာ်းလေးလို မဝတ်ဖြစ်တာ အတော်ပင် ကြာချေပြီ။ ဒီနေ့အတွက် အိမ်ပြန်ပြီး ယောကျာ်းလေး အကျီလဲကာ ဆက်ထားသော ဆံပင်များပင် ပြန်ဖြုတ်ခဲ့သေးသည်။
'ဒါပြီးရင် ရုပ်ရှင်သွားကြည့်ရအောင်..´
' *** ကား တင်နေတာ ကောင်းတယ် ပြောတယ်..´
သူ စကားဝိုင်းအား စိတ်မပါစွာ နားထောင်ရင်း ဖုန်း screen ပေါ်မှ ပေါ်နေသော အချိန်အား စိုက်ကြည့်နေမိတော့သည်။
အခုချိန်လောက်ဆို Minho ရောက်နေလောက်ပြီ..။
Jihyo နဲ့ကော တွေ့ပြီးသွားကြပြီလား?
သူ့ကိုများ ရှာနေမလား?
ဒါမှမဟုတ် Jihyo နဲ့များ ပြန်အဆင်ပြေသွားကြပြီလား?
သူ့ခေါင်းထဲတွင် အတွေးများစွာနှင့် လေးလံနေတော့သည်။
'တီ..တီ..တီ..´