She's a Man (Part-5)
Taemin ဆိုင်ထဲ ရောက်တော့ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်သည် ။ သူတို့ကို စောင့်နေသည့် လူအရိပ်အယောင် မတွေ့..။
'Annyong Hasae yo~´
Minho နှုတ်ဆက်သံနှင့် အတူ သူ ယောင်အမ်းအမ်းနှင့် နှုတ်ဆက်လိုက်သည့် သူဆီ လှမ်းကြည့်လိုက်သည် ။
'အဟမ်း..´
အရှေ့မှ ဥပဓိရုပ် ခပ်ကောင်းကောင်း အဒေါ်ကြီး အား တွေ့လိုက်သည့် အချိန်တွင် သူ ချောင်းဟန့်ကာ တွဲထားသော Minho လက်အား ဖြုတ်လိုက်လေသည်..။
'အင်း..Sujin မရောက်သေးဘူး သား.. ခဏစောင့်ရဦးမယ် ထင်တယ်...´
ထို အဒေါ်ကြီးမှာ Minho အား စကားပြောရင်း မျက်လုံးက သူ့ထံရောက်လာလေသည်..။
//ဘယ်သူလဲဟ?//
'ရတယ်လေ.. စောင့်ဆိုတော့လဲ စောင့်တာပေါ့..´
Minho က ပြုံးရင်း ပြုတ်လိုက်သော သူ့လက်အား ပြန်ဆုပ်ကိုင် ကာ ပြောလိုက်လေသည် ။
'သူ..သူက ဘယ်သူလဲဟင်?´
ထို အန်တီကြီး၏ စကားကြောင့် သူမျက်လုံးပြူးသွားကာ Minho အား တစ်ချက်လှမ်းကြည့်လိုက်သည်..။
'Sujin လာမှ ပြောတာ ပေါ့..´
Minho တစ်ယောက် ခပ်အေးအေး ပဲ ပြန်ပြောကာ သူ့အား စိတ်လျှော့ထားရန် မျက်လုံးခြင်း ကြည့်ကာ စကားလှမ်း ပြောတော့သည်..။
10မိနစ်....
15မိနစ်....
သူတို့ သုံးယောက် စကားမပြောပဲ အကြာကြီး ငြိမ်သက်စွာ ထိုင်နေမိသည်..။
//နေပါဦး.. အဲ့ Sujin ဆိုတဲ့ ကောင်မလေး က ဘာလို့ မလာသေးတာလဲ?//
သူ စိတ်မရှည်စွာ Minho လက်ပတ်နာရီ အားလှမ်းကြည့်ကာ အောက်မှ နေ၍ Minho ခြေထောက် အား ဒေါက်ဖိနပ် နှင့် ဖြည်းဖြည်း လေး လှမ်းတို့ လိုက်လေသည်..။
ရုတ်တရပ် မို့ Minho လဲ လန့်သွားကာ သူ့အား ဘာလဲ ဆိုသော ပုံစံနှင့် မျက်ခုံးပင့်ကာ လှမ်းကြည့်တော့သည်..။