She's a Man (Part-9)
'အ.. ကျွတ်..´
Minho တစ်ယောက် ဧည့်ခန်းထဲက ကြမ်းပြင်ပေါ် မှ နာကျင်စွာ လူးလှိမ့် ထလာမိသည်။
ပတ်ဝန်းကျင်ဘေးရှိ ပြန့်ကျဲနေသော Soju ပုလင်းတွေအား တစ်ချက်လှည့်ပတ်ကြည့်ရှူ ရင်း ကြမ်းပြင်ပေါ် မှာ ဘယ်လို အိပ်ပျော်သွား မှန်း သူကိုယ့်သူ ပြန်သတိရအောင် ပုံဖော်နေမိသည်။
'ရေဆာလိုက်တာ..´
တစ်ယောက်တည်း ငြီးငြူ ရင်း တစ်ယိုင်းတစ်ယိုင်နှင့် မီးဖိုထဲ ဝင်ကာ ရေခဲသေတ္တာဖွင့်ပြီး ရေသန့်ဘူးအား ယူလိုက်လေသည်။
"Boya??"
စားပွဲပေါ်တွင် အုပ်ထားသော ထမင်း ဟင်း များအား လှန်ကြည့်လိုက်ရရာ မနေ့ညက ချက်ထားသလိုပင်..။
'အာ.. Lee Taemin မနက်စာ လာမပြင်ပေးဘူးလား?!´
// Taemin??//
သူ ရုတ်တရပ် အခုမှ Taemin အား သတိရသွားလေသည်။ သူ မနေ့က ပြန်လာတုန်းက Taemin ညစာ ချက်ဖို့ မရောက်သေး..။
'သေလိုက်ပါတော့.. ´
သူ့ရဲ့ အသိစိတ်လွတ်နေတဲ့ ပုံတွေများ တွေ့သွားပြီလား မသိ..။
'ဘာမှတော့ မဖြစ်လောက်ပါဘူး.. ငါ မူးတာလဲ သူမမြင်ဖူးတာမှ မဟုတ်တာ..´
Minho တစ်ယောက် ကိုယ့်စိတ်ကိုယ် ပြန်လျှော့ရင်း အပေါ်အကျီအား ချွတ်လိုက်လေသည်။
မနေ့ညပြန်လာထဲက ရုံးဝတ်စုံတောင် မလဲရသေး။
သူ ထမင်းစား စားပွဲအား စိုက်ကြည့်နေမိရင်း အတွေးထဲတွင် မနေ့ညက Jihyo လာသွားသယောင် ယောင် အိမ်မက်လိုလို ဘာလိုလို ထင်နေမိသည်။
Jihyo ကိုတောင် သူ့နားက ထွက်မသွားဖို့ ငိုပြီးတောင်းပန်နေမိတာ သတိရလာလေသည်။
'Jihyo က မင်းဆီကို လာစရာလား?! အားအားယားယား.. အတွေးကြောင်မနေနဲ့.. ´
'.......´
'Airshh....´
Minho တစ်ယောက် ကိုယ့်ကိုယ်ကို ပြန်ဆုံးမရင်း ရုတ်တရပ် Jihyo နေရာတွင် Taemin မျက်နှာ ပေါ်လာသဖြင့် လန့်သွားလေသည် ။