She's a Man? (Part-3)
Taemin သူရှေ့ ကြမ်းပြင် ပေါ်တွင် ပုံရက်လဲကျနေသော ကောင်လေး အား ကြည့်ရင်း ဘာလုပ်ရမှန်း မသိ ဖြစ်သွားလေသည် ။
ထားခဲ့လို့ကလဲ မရ..။ ခေါ်သွားရအောင်လဲ..။
'Airshh...ဟိတ်ကောင်..´
Taemin , Minho ၏ ခြေထောက်အား လှမ်းကန်ရင်း နှိုးလိုက်သော်လည်း တုတ်တုတ်တောင် မလှုပ်ချေ..။
'Yahh!!!´
သူ အသံနည်းနည်း မြှင့်၍ အော်လိုက်ရာ အိမ်သာ နား ဖြတ်သွားသော တစ်ချို့ကောင်လေး များပင် သူ့အား ကွက်ကြည့်ကွက်ကြည့် ကြည့်သွားတော့သည်..။
'Lee Taemin တို့ ဒီနေ့ တစ်နေကုန် ကံဆိုးချက်က..´
သူ ပွစိပွစိ ရေရွတ်ရင်း Minho အား ဆွဲထူကာ ပုခုံးပေါ်လက်တင်၍ ကောက်တွဲလိုက်လေသည်..။
Minho မှာ အရပ်အတော်ပင် မြင့်လေရာ သူ့လို သာမာန် ယောကျာ်း လေးတန်းဝင် အရပ်မြင့်သော သူပင် Minho နားရွက် လောက်လေး ပင် ရှိသည်..။
'ဟို..သူ့ကို ဘယ်လို..´
Taemin ,Minho အား သူ့သူငယ်ချင်း တွေဆီ တွဲခေါ်သွားကာ မေးလိုက်လေသည် ။
'အာ.. ဒီကောင်တော့ လုပ်ပြန်ပြီကွာ.. ´
'ဒါဆို..´
Taemin , Minho အား ခုံပေါ်တွင် ချကာ ပြန်ထွက် သွားမည် အလုပ်..။
'ဟိတ်..ဟိတ်..ဘာလို့ ထားသွားတာလဲ´
'Nae??´
//ထားမသွားလို့ ငါက အိမ်ခေါ်သွားရမှာလား?//
'ကိုယ်တို့က ခဏနေ နောက်တစ်နေရာ ပြောင်းတော့မှာ.. အဲ့ဒါ အဲ့ကောင်ကို ဒီက ညီမ ကပဲ တာဝန် ယူလိုက်ပါနော်..´
'Nae?????´
Minho ၏ သူငယ်ချင်း စကားကြောင့် သူ ရုတ်တရပ် ထ အော်မိသွားတော့သည်..။
'အိမ် ဖြစ်ဖြစ် ပြန်ပို့လိုက်ပါလား..´
'သူ့ အိမ် မသိဘူး..´