She's a man (Part-13)
-Taemin pov-
Minho တံခါးနားသို့ တစ်ဖြည်းဖြည်း ကပ်လာလေ သူ့၏ ရင်ခုန်သံ မှာ မြန်လာလေဖြစ်လေသည်။ တစ်စနှင့် တစ်စ နီးကပ်လာသော Minho ၏ ခြေလှမ်းများကို သူ တံခါးကြားထဲမှ လှမ်းမြင်နေရသည်နှင့်အတူ တစ်ဖက်မှ Onew ပါးစပ်အား ပိတ်ထားသော လက်များမှာ ချွေးစီးများပင် ပြန်လာလေတော့သည်။
"Oppa..? ဘာထဲ ဝင်မလို့လဲ? သွားမယ်လေ.."
အသံတစ်သံက တံခါးအား တွန်းဖွင့်တော့မည့် ဆဲဆဲ Minho အား တားဆီး လိုက်လေသည်။
'အော်..?´
ပဟေဠိ ဆန်သော မျက်နှာဘေးနှင့် Minho တစ်ယောက်မျှ တိတ်ဆိတ် သွားလေသည် ။
သူ့၏ ကံကြမ္မာ မှာ အခု သူနဲ့ Minho ကြားထဲက ခြားထားသော တံခါးတစ်ချက်လေး ပေါ်တွင်သာ မူတည်နေလေသည်။
Minho သူ့ကို ယောကျာ်းလေးလို့ သိသွားမှာ ဘာလို့ ဒီလောက် ကြောက်နေမိမှန်း သူ့ကိုယ်သူလဲ မသိချေ..။
သူ တစ်ကိုယ်လုံး ကြောက်လို့ တုန်နေသည်မှာ သူ့အကို Onew ကိုပင် ကောင်းကောင်း မချုပ်ထားလိုက်လောက်အောင်ပင်..။
'သွားမယ် ဆို..?´
'အော်..အင်း..´
Jihyeo ရဲ့ စကား အဆုံး Minho တစ်ယောက် စိတ်လျှော့ လိုက်ဟန်ဖြင့် တံခါးအနည်းငယ် ဟထားနေသော အခန်းထဲ တစ်ချက်ကြည့်ကာ နောက်ပြန်လှည့်ထွက်သွားတော့သည်။
'Boya???!´
'မမေးပါနဲ့.. လောလောဆယ် ကျွန်တော့်ကို ဘာမှမမေးပါနဲ့..´
Minho လှည့်ထွက်သွားသည်နှင့် Onew မှာ သူ့လက်အား ပိတ်တွန်းကာ ထ အော်လိုက်သည်နှင့်အတူ သူ နံရံအား မှီရင်း အားအင်ချိနှဲ့ စွာ ပုံရပ်ကျသွားလေတော့သည်။
*********
-Minho pov-
သူ အိမ်ထဲ တိတ်တဆိတ် ဝင်လာတော့ ညပင် အတော်မှောင်နေချေပြီ..။