She's a man (Part-6)
-Taemin pov-
'Tae..Taemin na??´
သူ အခန်းထဲဝင်လာတော့ ပြတင်းပေါက် နားတွင်ရပ်ကာ သူ့အား ကြောင်ကြည့်နေသော Miyoung အား တွေ့လိုက်လေသည်။
'Nor? Wori Oppa နဲ့..?´
'Boga?´
သူ မသိချင်ယောင် ဆောင်ကာ ပြန်မေးလိုက်လေသည်။
'မဟုတ်မှလွဲရော..နင်တို့နှစ်ယောက်..?´
'Arrni ya!!´
တစ်နေ့လုံး ဒုက္ခပေးလာသော သူ့၏ လေးလက်မ ဒေါက်ဖိနပ် အားချွတ်ကာ Miyoung အား ပြန်အော်လိုက်လေသည်
'အဲ့တာဆို နင်က သူနဲ့ ဘာလို့ ပြန်လာတာလဲ?´
Miyoung ၏ အမေးအဆုံးတွင် Minho က သူ့အား ဒီနေ့ကိစ္စကို သူ့ညီမ အား မပြောရန် မှာလိုက်သည် ကို ပြန်သတိရသွားလေသည်
'ဘာမှမဟုတ်ဘူး.. လမ်းထပ်မှာတွေ့လို့.. ကားကြုံလိုက်ပို့တာ..´
'Hmm..? Minho oppa က အဲ့လောက် လူမူရေး သိတတ်တဲ့သူ မဟုတ်ပါဘူး..´
Miyoung က သူ့အား မယုံသလို မျက်နှာရှုံ့မဲ့ကာ ကြည့်လိုက်လေသည်
'ဘာမှ မဟုတ်တာ သေချာလား?´
'အော..ဒုက္ခပါပဲ..´
Taemin တစ်ယောက် ဘယ်လို ရှင်းလို့ ရှင်းရမှန်း မသိဖြစ်နေလေသည်။
'ငါ နင့်နဲ့ဆို Oppa နဲ့ သဘောတူတယ်..ဟီးး..´
//အမလေးးး //
Miyoung တစ်ယောက် ပြုံးစိစိ လုပ်ကာ သူ့အား အနောက်မှ လှမ်းဖက်လိုက်သောကြောင့် သူ လန့်ပင်လန့်သွားလေသည်။
'နေ..နေပါ..´
Miyoung အနောက်မှ ဖက်ထား၍ စိတ်လှုပ်ရှားနေတာလား Minho နဲ့ အစ ခံရ၍ စိတ်လှုပ်ရှား နေတာလား သူ့ကိုယ်သူ တောင်ပင် သေချာမသိချေ။
'အစက နင်တို့ နှစ်ယောက်ကို မိတ်ဆက် ပေးမလို့ လုပ်ထားတာ.. အခု နင်တို့က သိတောင် နေပြီဆိုတော့..´
'တော်တော့...´
သူ Miyoung အား ပိတ်တွန်းကာ ရေချိုးခန်း ထဲဝင်၍ Lock ချ လိုက်လေသည်။ ရင်ထဲတွင် အမျိုးအမည် မသိသော ခံစားချက် တစ်ခုအား ခံစားလိုက်ရရင်း မှန်ထဲတွင် ပေါ်နေသော ကိုယ့်ပုံအား တစ်ချက်ကြည့်ကာ သက်ပြင်း အရှည်ကြီး ချလိုက်လေတော့သည်။