အချိန်အားဖြင့် ည၉နာရီလောက် ရှိမည်။ ကျွန်တော် facebook သုံးနေစဉ် ကျွန်တော့်ကို ကောင်မလေးတစ်ဦး accလာ အပ်သည်။ ရုပ်ကလေးကိုကြည့်ရုံဖြင့် ကလေးဆန်ပြီး ဂျစ်ကန်ကန်လေးမှန်း တအားသိသာသည် ။
နှုတ်ခမ်းဖူးဖူးလေးရယ် မျက်နှာဝိုင်းလေးရယ်က ကလေးဆန်သော သူမရဲ့ပုံစံလေးကို ဖော်ပြနေသလိုပင် ။ ဂျစ်ကန်ကန်နဲ့ ကလေးမလေးရဲ့ နာမည်က ပန်းကလေး ပင် ဖြစ်သည် ။
ကျွန်တော်လည်း ထို ကလေးမလေးရဲ့ accအား accepted လုပ်ခဲ့သည်။ ထို့နောက် facebook မှာ ကောင်းနိုးရာရာစာလေးများ ရှာဖတ်သည် ။ ကျွန်တော့်အသက်က ၂၉နှစ်ကျော်နေပြီမို့ အသက်အရွယ် နဲ့ အတွေ့အကြုံအရ ကျွန်တော်လည်း အတော်ပင် ရင့်ကျက်နေလေပြီ ။
ကျွန်တော်ဟာ ပန်းကလေးတွေကို ချစ်တတ်သူပီပီ ကျွန်တော် ကလေးဘဝအရွယ်ကပင် ခြံထဲတွင် ပန်းကလေးများ စိုက်ပျိုးတတ်သည် ။ ကျွန်တော် အရွယ်ရောက်လာသောအခါ ကျွန်တော့်ခြံထဲတွင် ပန်းများ အတော်ပင် များနေပြီ ဖြစ်သည် ။
ကျွန်တော့်မိဘများ ကွယ်လွယ်သောအခါ ကျွန်တော် ဝါသနာပါသော ပန်းစိုက်ပျိုးခြင်း အလုပ်ကို စီးပွားတစ်ခုအနေဖြင့် လုပ်ကိုင်ကာ ရပ်တည်လာသည်။ ပန်းကလေးတွေကို သိပ်ချစ်တဲ့ ကျွန်တော့် အတွက်တော့ ယခု အသက်အရွယ် အထိ မိန်းကလေးတစ်ဦးတစ်ယောက်ကိုမှ မချစ်ခဲ့ဖူးပေ ။
အချိန်အားဖြင့် မနက်၆နာရီထိုးလေပြီ ။ မိဘတွေမရှိတော့တဲ့နောက် ကျွန်တော့်အတွက် တစ်အိမ်လုံးရဲ့ အလုပ်က ကျွန်တော့်အတွက်ပဲ မဟုတ်လား ။ ကျွန်တော် မျက်နှာသစ်ပြီးနောက် မနက်စာ အတွက် ပြင်ဆင်ရသည် ။ ထို့နောက် နေ့လယ်စာ အတွက် စျေးသွားရသည် ။
ထမင်း၊ ဟင်း များ ချက်ပြုတ်ပြီးနောက် တစ်အိမ်လုံးအား သန် ့ရှင်းရေး လုပ်သည် ။ ပန်းပင်လေးများအား ရေလောင်းသည် ။ လုပ်စရာ အလုပ်များ ကုန်သောအခါ ရေချိုး ပြီး မနက်စာ စားသည် ။ ပြီးနောက် ခြံထဲမဆင်းခင် facebook ခဏသုံးဖို့ ဖုန်းကို လှမ်းယူလိုက်သည် ။
ကျွန်တော် interest ဖွင့်လိုက်သည်နှင့် အရမ်းအံ့ဩသွားရသည် ။ ညက ကျွန်တော် accepted လုပ်ခဲ့တဲ့ မိန်းမငယ်လေးက ကျွန်တော့် wallတစ်ခုလုံးမှာ အသဲမိုးများ ရွာချသွားလေသည် ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က postတွေက အစ တစ်ခုမကျန် "love react "ပေးသွားသည် ။
ကျွန်တော်လည်း သူ့ accလေး ကြည့်လိုက်တော့ "4 hours ago "တဲ့..။ "ဒီကောင်မလေး ဘယ်အချိန်အိပ်တာလဲ ၊ အိပ်ရေးမှ ဝရဲ့လား"ဆိုပြီး ကျွန်တော့်မှာ မဆီမဆိုင် စိတ်တွေပူရသေးသည် ။ ဒီ မိန်းကလေး ကိုတော့ မြင်မြင်ချင်း သံယောဇဉ် ဖြစ်မိသည်မှာ အမှန်ပင် ။
ကျွန်တော်ပန်းစိုက်ထားသော ခြံနှင့် ကျွန်တော်၏ အိမ်မှာ မျက်နှာချင်းဆိုင်မို့ သိပ်ပြီး ထွေထွေထူးထူး ပြင်ဆင်စရာမလိုလှပေ။ ဒီနေ့တော့ ကျွန်တော် တစ်နေကုန် လက်ထဲကဖုန်းကို မချနိုင်ဖြစ်ရသည် ။ ကလေးမလေးရဲ့ accကိုတကြည့်ကြည့်နှင့် သူဘယ်ချိန် လိုင်းသုံးမလဲ မျှော်နေမိသည် ။
"ငါတော့ ကိုယ့် အပူ ကိုယ် ရှာမိပြီထင်တယ် " စိတ်ထဲမှ တီးတိုး ရေရွတ်ရင်း ကျွန်တော် သက်ပြင်းချမိသည် ။ ညနေသာစောင်းသွားသည် အထိ သူ့ မီးစိမ်းလေးကို ကျွန်တော် မမြင်ခဲ့ရပေ ။ ညရောက်တော့ သူ့ Myday တွင် စာလေးတစ်ခုတင်ထားသည် ။
#𝐸𝒶𝒾𝓃𝓉𝑀𝒶𝓉𝒜𝓀𝒶𝑅𝒾
ိ
YOU ARE READING
ကျွန်တော်ချစ်သော ကလေးငယ်
Fanfictionနှုတ်ခမ်း ဖူးဖူးလေးရယ် မျက်နှာဝိုင်းလေးရယ်က ကလေးဆန်သော သူမရဲ့ ပုံစံကို ဖော်ပြနေသလိုပင်