Part_5
အရမ်းကိုအတွေးလွန်ပြီး အားငယ်တတ်သော ကျွန်တော့်ကလေးငယ်လေးသည် ကျွန်တော်ဂရုစိုက်နေသည့်ကြားမှ နှလုံးရောဂါရှိလာသည်။ ကလေးငယ်က တစ်ဦးတည်းသော သမီးလည်းဖြစ် ကျွန်တော့်ရဲ့ ချစ်မဝတဲ့ အမျိုးသမီးငယ်လေးလည်း ဖြစ်နေတော့ သူမရဲ့ဘဝမှာ စိတ်ညစ်စရာရယ်လို့ ရေရေရာရာမရှိခဲ့ပေ။ သူမရဲ့ တစ်ခုတည်းသော အားနည်းချက်လေးက "အားငယ်တတ်ခြင်း"ပင်ဖြစ်သည်။
"ကိုကို ကလေးငယ်ကဆိုးလားဟင်"
"ဆိုးပေမယ့် ချစ်စရာလေးပါဗျာ"
ကျွန်တော်နဲ့ ဖုန်းပြောရင်း ကလေးငယ် အသံတိတ်သွားသည်။ ခဏကြာတော့ ကလေးငယ်ရဲ့ ရှိုက်သံလေးများ ထွက်လာသည်။
"ဟင့်...ဟင့်...အဲ့ဒါဆို ကြာလာရင် ကိုကိုက စိတ်ပျက်သွားမှာ ဟင့်..."
ကျွန်တော့် ကလေးငယ်လေးသည် ထိုကဲ့သို့ အလိုလို ဝမ်းနည်းပြီး ငိုနေတတ်သည်။ ကျွန်တော်လည်း ကလေးငယ်ကို ချစ်တာအပြင် သနားတာရော ကြင်နာတာပါရောပြီး အရင်ထက်ပိုပြီး ယုယပေးဖြစ်သည်။
"ကလေးငယ်ရယ် ကိုကိုက ဘာလို့စိတ်ပျက်ရမှာလဲ"
"ကလေးငယ်ကို ချစ်တာ စိတ်ပျက်ဖို့မှမဟုတ်တာ"
"ကလေးငယ်ဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုကို့ရဲ့ ရွေးချယ်မှုက ကလေးငယ်ပဲ ဟုတ်ပြီလား"
ကျွန်တော် ယုယုယယလေး ပြောပြမှ ကလေးငယ် အငိုတိတ်သွားသည်။ကလေးငယ်က ကလေးဆန်တယ်ဆိုတာထက် ကျွန်တော့်အပေါ်မှာ သံယောဇဉ် အလွန်ကြီးသူဖြစ်သည်။
အချိန်အားဖြင့် ည၁နာရီခွဲရှိလေပြီ ။ ကျွန်တော့်ဆီကို ကလေးငယ် ဖုန်းဆက်လာသည်။
"Hello ကလေးငယ် ပြောလေ "
"ကိုကိုကလည်း ကလေးငယ်က ကိုကို့ကို လွမ်းလာလို့ ဖုန်းဆက်တာ ဘာလို့ ကောင်းကောင်းမွန်မွန် မပြောလဲ"
ကလေးငယ် ကျွန်တော့်အပေါ်မှာ စပြီးချွဲတော့မယ်ဆိုတာ ကျွန်တော်သိသည်။ သူချွဲတာကို ကျွန်တော်က ချော့မော့ပြီး မပြောရင် ကလေးငယ်လေး ဝမ်းနည်းပြီး ငိုတော့မယ်ဆိုတာကိုပါ တွေးထားပြီးသား ဖြစ်သည်။ ကလေးငယ်လေးသည် အရမ်းအားငယ်တတ်လွန်း၍ ကျွန်တော့်မှာ စိတ်မချနိုင်အောင်ဖြစ်နေလေသည်။
YOU ARE READING
ကျွန်တော်ချစ်သော ကလေးငယ်
Fanfictionနှုတ်ခမ်း ဖူးဖူးလေးရယ် မျက်နှာဝိုင်းလေးရယ်က ကလေးဆန်သော သူမရဲ့ ပုံစံကို ဖော်ပြနေသလိုပင်