part(2)
"နေလို့မကောင်းဘူး
နည်းနည်းလောက် စိတ်ပူပေးပါလား" တဲ့.....သူတင်ထားတဲ့ Mydayလေးကို ကျွန်တော်တွေ့လိုက်ရသည် ။ ကျွန်တော့်ရင်တစ်ခုလုံး မီးစနဲ့ထိုးထားသလို အရမ်းပူလောင်သွားခဲ့ရသည် ။ ကျွန်တော်နဲ့မသိတဲ့ မိန်းမငယ်လေးတစ်ဦးကို ဒီလောက်ထိ စိတ်ပူနေမိတာ ကျွန်တော့်ကိုယ်ကျွန်တော်အံ့ဩ မဆုံးအောင်ပင် ဖြစ်ခဲ့ရသည် ။
"ဒီစာက သူ့ကောင်လေးကို မြင်စေချင်တာလား "
အတွေးနဲ့တင် ကျွန်တော် ပူလောင်လွန်းလှပါပြီ ။ စိတ်ပူတယ် ဆိုတာထက် အဲ့စာကို ဘယ်သူ့ကိုမြင်စေချင်လို့တင်တာလဲဆိုတဲ့ စိတ်နဲ့ ပိုပြီး ပူလောင်နေရသည်။ ကျွန်တော် ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ရသည် ။
"ဘာဖြစ်တာလဲ ဘယ်လိုနေသေးလဲ "
ကျွန်တော် စိတ်နဲ့ပို့ခဲ့တဲ့ message တွေ။ မိန်းကလေးသူငယ်ချင်းတောင် ရေရေရာရာမရှိတဲ့ကျွန်တော့်အတွက် ကိုယ်နဲ့ မသိတဲ့ မိန်းမငယ်လေးတစ်ဦးကို စကားစပြောရမှာ အခက်ခဲဆုံးသော အလုပ်တစ်ခုပင် ဖြစ်သည်။ ကျွန်တော့်စိတ်တွေ မတည်ငြိမ်နိုင်အောင်ဖြစ်နေသည် ။ နောက်ဆုံး ကျွန်တော် သူ့ကို စာပို့ဖို့ ဆုံးဖြတ်လိုက်သည် ။
"Hi"
ကျွန်တော် မရဲတရဲလေး ပို့လိုက်သည် ။ ကျွန်တော့်ရင်တွေ တုန်နေမိသည် ။ ကျွန်တော့်စာကို သူ ချက်ချင်း seen ပြသည်။ ပြီးတော့ သူ reply ပြန်လာသည်။
"ဟီးဟီး စိတ်ပူနေတာမလား လူကြီး "
"ဘာဖြစ်တာလဲ မေးမလို့မဟုတ်လား"
သူ့စာတွေမြင်တော့ ကျွန်တော် ရှက်သလိုလို အံ့ဩသလိုလိုဖြစ်မိသည် ။ ကျွန်တော် မလိမ်တတ်ပေမယ့် သူ့ကို ညာလိုက်မိသည် ။
"မဟုတ်ပါဘူး ပျင်းလို့ Hiလိုက်တာပါ"
ပို့သာပို့ရတာ ကျွန်တော့်ရင်တွေ ပူလောင်လွန်းလှသည် ။ ကျွန်တော်လေ အဲ့ကလေးမလေး စိတ်မကောင်းဖြစ်မှာ ဝမ်းနည်းမှာကို အလိုလို တွေးပူနေမိသည် ။ သူ ကျွန်တော့်စာကို အချိန်တော်ကြာ မပြန်ခဲ့ပေ ။ ခဏကြာတော့ သူ့ဆီက စာလေးဝင်လာသည်။
YOU ARE READING
ကျွန်တော်ချစ်သော ကလေးငယ်
Fanfictionနှုတ်ခမ်း ဖူးဖူးလေးရယ် မျက်နှာဝိုင်းလေးရယ်က ကလေးဆန်သော သူမရဲ့ ပုံစံကို ဖော်ပြနေသလိုပင်