Part _ 4

420 12 0
                                    

Part _ 4

"သူ့ကို သဘောကျတယ်လေးပြောမိတာနဲ့ ချက်ချင်းချစ်မိရောလား လွယ်လိုက်တာ"

ကလေးငယ်ရဲ့ စာမြင်ပြီး ကျွန်တော် ဝမ်းနည်းသွားသည်။ သူ ကျွန်တော့်ကို အထင်သေးသွားပြီလားဟူသောအသိဖြင့် သိမ်ငယ်သွားမိသည် ။

"မဟုတ်ပါဘူး ကလေးငယ်ရယ် ကိုယ်လေးလေးနက်နက်ချစ်တာပါ"

"အဲ့ဒါဆိုရင် ကလေးငယ်ရဲ့အချစ်ကိုရဖို့ အကြာကြီးစောင့်နိုင်လား"

"ဟုတ် ရပါတယ် ကလေးငယ်"

"လူကြီးက ရပေမယ့် ကလေးငယ်ကမရဘူး"

"လေ့လာပါရစေတို့ စဉ်းစားအုံးမယ်တို့က အပိုတွေပါ"

"ကလေးငယ်က မကြိုက်ရင် မကြိုက်ဘူးချက်ချင်းငြင်းတယ်"

"လူကြီးကိုက သဘောကျတာကြာပြီ မနေနိုင်လို့ accအပ်လိုက်တာ"

"လူကြီးအတွက် အဖြေကအစထဲကရှိပြီးသား"

"ပျော်လိုက်တာကလေးငယ်ရယ်"

ကျွန်တော့်ရဲ့ကမ္ဘာတစ်ခုလုံး ပန်းတွေပွင့်သလို
ခြောက်သွေ့နေတဲ့ ဘဝလေးထဲ ရေစင်ငယ်လေးစီးဝင်သလို
ကလေးငယ်က ကျွန်တော့်ရဲ့ ကံကောင်းခြင်းလေးပါပဲ........

"ဒါပေမယ့် ကလေးငယ်စကားနားထောင်ရမယ်နော်"

"လူကြီးကို ကလေးငယ်က အရင်သဘောကျတယ်ဆိုပြီး အနိုင်ယူမယ်မကြံနဲ့ အမှုန့်ချေပစ်မှာနော်"

အနိုင်ရထားတဲ့ ဘုရင်မလေးကတော့ ကျွန်တော့်ကို အာဏာတွေပြနေလေပြီ။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလည်း အဲ့ဒီကလေးမလေးအနိုင်မယူလည်း အလိုလိုအရှုံးပေးချင်သူရယ်ပါ။

"ဟုတ်ပါပြီဗျာ ကလေးငယ်ရဲ့ စကားကိုနားထောင်ပါ့မယ်"

'ဟုတ်ကဲ့ ကိုကို '

သူ့စာလေးမြင်တော့ ကျွန်တော်ထပ်ပြီး ပျော်ရပြန်သည်။

"လူကြီး မဟုတ်တော့ဘူးလား ကလေးငယ်ရဲ့"

"မဟုတ်တော့ဘူး ကိုကိုဖြစ်သွားပြီ ကလေးငယ်ရဲ့ ကိုကို "

ဒီလိုနဲ့ပဲ ကလေးငယ် နဲ့ ကျွန်တော်က သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြသည်။

ကျွန်တော်ချစ်သော ကလေးငယ် Where stories live. Discover now